Friday, August 3, 2012

ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်

  • ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်

    ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ရိုဟင်ဂျာကိုဆန့်ကျင်ကြပါ
    မူလစာမျက်နှာ

Friday, August 03, 2012


အနောက်မီဒီယာ၊သူ့ဖောက်သည် ဘင်ဂါလီ ၊ ဂရမ်မီဆုလုံးလုံးမရစေရ

သြစထေးလီးယား က တီ ဗွီ တခု ကပါ ဒီ နေ. ဖီးချား သတင်း ခေါင်းကြီး လုပ်ပြီး ဒီ စိတ်ကုန်စရာ ကောင်းတဲ. ရိုဟင်ဂျာ ကိစ္စ ကို ဒီ နေ. ပဲ နား မသက်သာအောင် ကြေငြာပြန်ပါတယ်။ သတင်းကြေငြာသူတိုင်း က ခု ရခိုင် ပြည်နယ်က ဘင်ဂါလီ ရိုဟင် ဂျာတွေ ကို ကမ္ဘာမြေပေါ်မှာ အမေ.ခံနေရတဲ.၊ အနှိပ်စက်ခံ ရ ဆုံး လူသားတွေ ဆိုပဲ။ ဘယ် အချက်အလက်ကြောင်. ဒီ လို ပြော သလဲ ဆို တလော က ဗြိတိသျှ ချန်နဲလ် များ က ပြောတဲ. အတိုင်း ပဲ တလေ ထဲ ပြော သွားတာ ပါ။ နောက်တခုက အမေရိက က တိုင်းဝါနာ အုပ်စုပိုင် မ၀ဲတ၀ဲ ဟတ်ဖင်တန် ဘာသာရေး သတင်းစာက Buddhists Monks Against Humanitarian Aid? ဆိုပြီး စနေပြန်ပါပြီ။



ဒါမျိုးတွေ ခုတလော နေ.တိုင်းတွေ.နေရပါတယ်။ အနောက်ဖက်အခြမ်းက မ၀ဲတ၀ဲ တွေ၊ လူ.အခွင်.အရေးသမားတွေ၊ အန်ဂျီအိုတွေ နဲ. ဆော်ဒီက ပိုက်ဆံတွေ ခွန်.ထားလို. အသံလွှင်. မိုက်ကရိုဖုန်းတွေကိုင်ပီး မိုက်ရိုင်းနေကြတဲ. ပြည်ပမြန်မာဘာသာမီဒီယာက သူတွေက ဘာမှ မြန်မာတွေ နစ်နာတဲ.ဖက်က စာစာနာနာ မသုံးသပ်ပဲ၊ ဘင်ဂါလီအရေး တခုထဲတင် တဲ. လုပ်ကွက်တွေရယ်။ မြန်မာ အစိုးရ ပေါလစ်ဗြူရိုက လူကြီးတွေ ရယ်။ နိုင်ငံရေး ဂျီးနီးယပ်စ် ဆု ကို တခု စီ ပေး လိုက် ချင်ပါတယ်။ ပူးတွဲပြီးဒီဆုကိုပေးလို. မရပါ။ ရလိုမှုတွေက ဒီ၂ ဘက်မှာ မတူတော.- ဂျီးနီးယပ်စ်ဖြစ်တာချင်းတူပေမဲ.- ဆုကိုတော. တ၀က်စီခွဲပေးလို.မရပါ။



တခုတည်းသော မက်ဆေ.ခ်ျကို မှားမှားမှန် မှန် ထပ်ကာတလဲလဲ လုပ်ကြံတင်ဆက် ခြင်း ရဲ. အကျိုး တွေ ၀ါဒဖြန်.သူတွေ ဖက်မှာ ရှိပါတယ်။ ခဏခဏ ဖတ်ပါ ကြားပါ များ လာ ရင် ဒါ ကို ပဲ အမှန် ထင် လာပြီး- ဒါကိုပဲ နိုင်ငံရေး အရ အသည်းအသန် ဆွေးနွေးရမဲ. အရာလို ဖိအားပေး သတ်မှတ်ပြီး စစ် အစိုး ရ လက်အောက်မှာ လုံးဝမလှုပ်နိုင်တဲကြားက၊ ခုတော.--၊ နူရာ ၀ဲ စွဲ လဲ ရာ သူ ခိုး ထောင်း ဆိုသလို တပ်ခါတလဲလဲ ခံ ပြီး ရင်းခံနေရတဲ. မြန် မာရခိုင်တွေ ကို နိုင်ငံခြားသားအဖြူတွေ က လူ. အခွင်.အရေးခေါင်းစဉ်နဲ.၊ အကြိမ်ကြိမ် ထိုးကျွေးဖို. အကွက်စေ.စေ. လုပ်နေကြတာပါ။ သူတို.ဖက် က(ဘက် ၂ဘက်စလုံးက) အမြတ်ထုတ် ချင်တဲ. ရည်ရွယ်ချက်တွေ ကို တတိုင်းပြည်လုံး ဆန္ဒပြသင်.တယ်။



၁၉၈၈ ကစ လို. ခုထိ ၂၄ နှစ် လုံးလုံး ဘယ်သူတွေ ဘယ်လောက် ဖိအားပေးပေး စစ် အစိုး ရ ဟာ ပြည်သူလူထုအတွက် မက်လောက်စရာ ဘာမှ လုပ်ပေးခဲ.တာမဟုတ်ပေမဲ.၊ ခုလိုအနည်းငယ်ပွင်.လင်းစရာသီမှာ ရခိုင်တွေခွေးပြေးဝက်ပြေးပြေးရ။ ကုလားကိုကြောက်ရ။ ယူအန်ကိုကြောက်ရ၊ ယူအက်စ် ယူကေ ကို ဂရုစိုက်ရ၊ အန်ဂျီအိုတွေ ကို သူတို.စကားအတိုင်းဖြေရှင်းနေရ၊ စစ်တပ်နဲ. လ၀က ပေါင်းပြီး လပ်စားမှုက တိုက်ရိုက်ဆင်းသက်လာတဲ. ဒီပြဿနာကို --ခုမှ ဒီ မိုကရေစီ အမည်ခံ လူ.အခွင်.အရေးအမည်ခံပြီး-- အားလုံးကြောက်ပြီးထွက်ပေါက်မရှီလို.--ဘင်ဂါလီ ကိစ္စကို ရေပိုင်နက်လုတုန်းကလို အလျှော.ပေးလိုက်ရရင်--နှစ်၅၀ စစ်ကျွန်ဖြစ်ခဲ. ရတဲ. မြန်မာတွေ၊ တိုင်းရင်းသားစစ်စစ်တွေ ရဲ. အသေအကြေခံပြီး ရုန်းကန်တိုက်ပွဲဝင်မှုအားလုံးရဲ. ဆုလဒ်က ဘာပါလဲ။



ခုလူလည် ကျနေတဲ. ခရစ်ယန်အုပ်စုတွေရဲ. Massive media campaign က သတင်းစာမျက်နှာတိုင်းမှာတက်လာပါပြီ။ တိုးတက်သော မြန်မာ ၊တိုင်းရင်းသား ပညာတတ်တွေကိုမုန်းပြီး၊ ပြဿနာတက်လာရင် ခွေးအကြီးလည်နင်သလို နဲ. အမြဲ မမှန်မကန်ပြောခဲ.တဲ. စစ်အစိုးရဖက်က ဒီဂွင်ဆိုက်အောင် တမင်လုပ်ခဲ.တာမို.၊ ခု မထိန်းနိုင်အောင် အမှိုက်ကစ ပြဿဒ်မီးလောင်ပြီ။ သို.သော်- သူတို.တွေ အမှန်တခါပြော ခဲ. တောင် ဘယ်သူမှ မယုံ။ ကျားကျား မဟုတ်ပဲနဲ.ခြောက်ပါများပြန်တော. တကဲ.ကျားရောက်တော. တရွာလုံးကျားအစစ်ကြောင်.သေရသလို ဖြစ်နိုင်ပါတယ်။



ဟိုရှောင်ဒီရှောင်လုပ် ပြီး မတရားမှု မှန်သမျှ ကို တရားဝင် ၀န်မခံ ရဲ၊ တာဝန်မယူရဲပဲ၊ ရခိုင်တွေ ပြေးရင်၊ ရခိုင် က ရှိတဲ.မြေတွေ ကို ဦးခင်ရွှေတို.လို၊ အလားတူ အတန်းအစားတွေက ဦးရွှေ မန်း ပါဝါနဲ.၊ ဘင်ဂါလီ ကုလားပွဲစားတွေ နဲ. ပေါင်း ပြီး စီးပွားဆက်ရှာ တိုင်း ပြည် ကို နင်း ချ ဖျက်ဆီးကြမယ်ဆိုရင် လည်း- ဝေ.လည်လည် လုပ်နေတဲ. အစိုးရ က တတိုင်းပြည်လုံး လမ်းပေါ် ရောက်အောင် ရှိတဲ. တချပ်ကို ဆက်မှောက်မထားပဲ တခါထဲ ထုတ်ပြလိုက်ပါတော.။



တရားမ၀င် ၀င်လာတဲ.သူတွေ ကို တရားမျှမျှတတ စစ်ဆေးပြီး လူဝင်မှု နည်းဥပဒေအရ လုပ်မယ် ဆိုလည်း အစိုး ရ က မလုပ်ရဲပြန်ဘူး။ ခု ပြည်ပမီဒီယာ အထူးသဖြင်.၊ အရှေ.အလယ်ပိုင်းမှာ-- အစ္စလမ်မစ်နိုင်ငံတွေ ကို နည်းမျိုးစုံနဲ. နှံထားတဲ. အဖြူ နိုင်ငံတွေ က-ခရစ်ယန်ဂရု တွေကပါ ဗုဒ္ဓဘာသာကို စစော်ကားနေပါပြီ။ ကလိန်ကကျစ်နည်းတွေ နဲ. ခု ဗုဒ္ဓဘာသာတွေ ကပဲလူဆိုး တွေ ဖြစ်နေသလိုပုံစံ ကြေငြာပြီး၊ မြန်မာဘုန်းကြီးတပါး ဒီကိစ္စ ဗုဒ္ဓ ဘာသာရေး အမျိုးသားရေးမို. NO ROHINGYA ဆိုင်းကို ကိုင်ထားတဲ. ပုံ တပုံကအစ ခု အနောက်နိုင်ငံတွေမှာ မျက်နှာ ဖုံး သတင်း ဖြစ်နေပြီ။ ဒီလို ဆန္ဒပြတဲ.ပုံမျိုး ကို ပညာသားပါပါသုံးပြီး အမေရိကန်သတင်းစာတွေကပါ ယူကေ က သတင်း စာတွေကို ကိုးကားနေလေတော. မြန်မာတပြည်လုံးရဲ.ဒီမိုကရေစီိရေးက ခု ဂျောင်ကပ်နေပါတယ်။



သန်း၆၀ ဘ၀ပျက်နေတာ ဘာမှမပြောင်းလဲသေးဘူး။ ဒါပေမဲ.-- လွှတ်တော်နိုင်ငံရေးမှာ ပင်မအစိုးရနဲ. အတိုက်အခံ တွေ ကြားမှာ နှစ်တွေအများကြီးကြာမှအသီးအပွင်.ရမဲ.၊ ကြားနေ လို.ကောင်းတဲ. ခေါင်းစဉ် အာဂျန်ဒါဖြစ်တဲ. ပညာရေး ဆိုတာတွေမှာပဲ၊ အာလူးကောင်းနေဆဲ။ ခု- ဒီ ဘင်ဂါလီ အရေး က သိပ်ဟော.တ်နေ ပြီး ကမ္ဘာ.သတင်းစာမျက်နှာတွေမှာ ပေါက်ကွဲထွက်လာတယ်။ ထာဝရမတရားလုပ်ခဲ.တဲ. စစ်အစိုးရကို ဘုရားက ရိုက်ဖို.၊ကုလားစားရဖို. ဒီ အဖြစ်ကြုံလာရတယ်လို.လည်း --မြန်မာပြည်သားတွေက မိမိ ကိုယ်မိမိ သားကောင် အဖြစ် အယူသည်းပြီး မစဉ်းစားကြပါနဲ.။ ဒါကို ပြဿနာ အဖြစ် ကြေငြာနေကြတာတွေဟာ မိုက် ရိုင်းလွန်းအားကြီးတဲ. အတွက် ရခိုင်ပြည် ကုလားမြိုနေတဲ. ကိစ္စကို လူတွေလမ်းပေါ်ရောက်အောင် တမင် လုပ်နေကြသလားထင်မိတယ်။



ကျောင်းသားတွေ အများကြီးသေဖူးတယ်။ မဆန်းဘူး။ ဘုန်းကြီးတွေ အများကြီးသေဖူးတယ်။ မဆန်းဘူး။ လူမျိုးစုတွေ သေတာမှသောက်သောက်လဲ။ ကချင်ဒုက္ခသည်တွေ အများကြီး။ ဆန်းတာက နှစ်၅၀ စစ် ကျွန် ဘ၀လွတ်မြောက်ရေး တိုက်ပွဲမှာ- ပထမဆုံး ဆုရမဲ.သူ က မြန်မာ အစိုး ရ လား၊ ပြည်ပက မီဒီယာ နဲ. လူ. အခွင်.အရေးသမားတွေလား။ အစ္စလမ်ကမ္ဘာကို မျက်နှာ လုပ်မဲ. လူဖြူအစိုးရတွေ ရဲ. ကွက်ကျော် စီမံကိန်းတွေလား။ သနားစရာ (တကယ် ကမ္ဘာကြီးက လုံးလုံးမေ. နေကြတဲ.) ဒုက္ခသည် ဘင်ဂါလီတွေလား။ ဘင်ဂါလီ ကုလားတွေ အနှိပ်စက်ခ့နေရ၊ အမေ.ခံနေရတယ်ဆိုရင်၊ နှစ်၅၀ ခံ ခဲ.ရတဲ. မြန်မာတွေ တိုင်းရင်းသားတွေ ၏ ဆင်းရဲဒုက္ခတွေ ကို ဘယ်လို စကားလုံး ဘယ်လို ကိန်းဂဏန်းနဲ.ဖေါ်မလဲ။ ဘယ် စာရင်းထဲမှာ ထားသင်.သလဲ။



(ခုမှ-ကုလားတွေကို အထူး မျက်နှာသာပေးပြီး) မြန်မာ အစိုး ရ လုပ်သမျှကို တချိန်က စာရွက်နဲ. ကန်.ကွက်ခဲ.တဲ. အနောက်အုပ်စုက မြန်မာပြည်သူတွေ သက်သာစေဖို. လည်း အရင်တုန်းက ဘာမှ လက်တွေ.ကျကျ ထိရောက်စွာ မလုပ်ပေးခဲ.ပါ။ မြန်မာတွေဒုက္ခကို လှည်.တောင် မကြည်.ခဲ.တဲ. ကမ္ဘာက လူလည်တွေက ၊ခုမှ- လူဝင်လူထွက်များလာမှ- ပထမ ဆုံး ကမ္ဘာက မြန်မာပြည်အပေါ် ဆုချမဲ. လူ.အခွင်.အရေးတိုက်ပွဲ ရလဒ်က အနှိပ်စက် ခံနေရတဲ.၊ဗုဒ္ဓဘာသာတွေ နှိမ်တာ လှိမ်.ခံနေရတဲ. ရိုဟင်ဂျာတဲ.လား။



ဒီ လို အမြတ်ထုတ်ခြင်းအပေါ် အခွင်.အရေး ရ မဲ. သူတွေ က ရခိုင် ပြည် နဲ. ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေ ကို မြွေ လို တဖြည်းဖြည်းမြိုမဲ. အရေးကို ကြိုသိတယ်။ ဒီ လို အမြို ခံရအောင်ကို လုပ်နေတာဖြစ်ပါတယ်။ ဘယ်သူမှ ရပ် ကြည်.မနေပါနဲ.။



အစ္စရေး နိုင်ငံနယ်နမိတ် ကို အနောက် ကမ္ဘာ က အသိအမှတ် တရားဝင် မပြုခင်က အဲ ဒီ. ဒေသ မှာ မူဆလင် ဦးရေ က အများကြီး ပို များပါတယ်။ ၁၉၀၀ မတိုင်ခင် က အဲဒီ မှာနေတဲ.ဂျူး ဆို လို. မူးလို. ရှုစရာ မရှိအောင်နည်းပါးပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၈ ၁၉၄၉ လောက် ကျမှ ဟိုလိုကော.စ် အရှိန်နဲ. အစ္စရေးနိုင်ငံတော်စပေါ်တဲ. အချိန်မှာ ဂျေယုစ လင်ပတ်ဝန်းကျင်မှာ ဂျူး၂ သောင်း ကျော်ကျော်သာသာ စရှိခဲ.တာဖြစ်ပါတယ်။ ဒါပေမဲ.--အနောက် ကမ္ဘာ က တဖြည်းဖြည်း တောင် မဟုတ်၊ အရမ်းးကို ဂျူးတွေထွန်းကားစည်ပင်ရေး အတွက် အားပေးပြီး ဒုတိယ ကမ္ဘာစစ် ပြီး ကတည်းက အလုပ်ဖြစ်စေခဲ.တာ၊ အစ္စရေး နိုင်ငံတော် ထွန်းကားရေး မှာ၊ အစ်စလမ်တွေ ကို တိုက်၊ ဖိအားပေး၊ ဒီလို ဖိအားအပေးကောင်း လိုက် တာ---ခု--သမိုင်းကတော.လူတိုင်းသိကြတဲ. အတိုင်းပါပဲ။ ၁၉၆၇ အထီ အစ္စရေး မှာ ဂျူး ဆို ကြိုး တို. ကြဲ တဲ ပါ.။ ၁၉၆၇ လဲ ရောက် ရော--- ၂သိန်းကျော်ကျော်။ ၁၉၇၀လည်းကျော်ရော--ဂျူး လူဦးရေ က အဆမတန်ထိုးတက်။ခု ၈ သန်းနီးပါး-၆သန်းက ဂျူး- မူလအစ္စလမ် မစ်ခ် လူမျိုး တွေ က မိုင်နော်ရတီ လူနည်းစုဖြစ်သွားပါတယ်။



ကုလားတွေ လူဦးရေ ပေါက်ဖွားမှုများတဲ. နိုင်ငံတွေရဲ. အဓိကပြဿနာက သူလူဦးရေကို သူ.အစိုးရတွေတောင်ပြန်မထိမ်းနိုင်ပဲ ၊ စည်းမဲ.ကမ်းမဲ. ကျူးကျော်လေ.ရှီတဲ. ယဉ်ကျေးမှုပါ။ အနောက်မှာ တချိန်က အနှိမ်ခံ (၀ါ) အခွင်.ထူးခံ ကမ္ဘာ.ဂျစ်ပ်စီ ဖြစ်ခဲ.တဲ. ဂျူး တွေ ရဲ. ယဉ်ကျေူးမှုနဲ. မြန်မာပြည်ကို ခိုးဝင်နေ ထိုင်ပြီး ခပ်တည်တည်နဲ. မြန်မာပြည်ကလူမျိုးစုပါလို.အော်နေတဲ. ဘင်ဂါလီတွေ ရဲ. ယဉ်ကျေးမှုက တခြားစီပါ။ ချမ်းသာတဲ. အစ္စလမ်နိုင်ငံတွေ ကို နှစ်ပေါင်း ၅၀ အတွင်း နည်း အမျိုးမျိုး သုံး ၀င်တိုက်ခဲ.တဲ. အနောက် က အဖြူ အစိုးရတွေဟာ--အစ္စလမ် အသိုင်းအ၀ိုင်းကို မျက်နှာ လုပ်ဖို.- ပြားချပ်နေအောင် ခံပြီးရင်းခံနေရတဲ. မြန်မာ နိုင်ငံသားတွေကို အသုံးမချသင်.ပါ။ မြန်မာ ပြည်ကို ထိုးမကျွေးးသင်.ပါ။ မျိုးချစ်စိတ်ရှိပြီး အနာဂါတ် ပြဿနာတွေကို ကြီုတွေးနိုင်တဲ. မြန်မာပြည်သားတွေ တိုင်းရင်းသားတွေက လည်း အားလုံးကို ညှင်းဆဲခဲ.တဲ. မြန်မာ အစိုးရ လုပ်နေတာတွေကို ငြိမ်ခံမနေကြပါနဲ.။



ဒီမိုကရေစီကျကျ စဉ်းစားပေးသလိုလိုအပေါ်ယံဟန်ဆောင်ပြီး--- မတရားသဖြင်. ၀င်စွက်ဖက်ချင်တဲ.၊ ဖဲချပ်များတဲ. ဗြိတိသျှ မီ ဒိယာနဲ. နော်ဝေ ဒီဗွီဘီ က ဟန်ယောင်ငွေ အုပ်စု ၏ယုတ်ညံမှု၊ နေပြည်တော်က အပွင်.ကြီးများ လပ်စားမသမာမှု၊ ခု ဘင်ဂါလီ အစ်ရှုး ဘင်ဂါလီ ခေါင်းစဉ်က (ကျန်နေတဲ. နေရာတိုင်း က မတော်မတရား ပျက်ဆီးဖေါက်ပြန်နေမှု တွေ ကို ကျော်ပြီး) ခိုင်မာသွားခဲ.တယ်။



စောင်.ကြည်.ပါ။ မြန်မာ လူမျိုးတွေ ပေါ.ဆခဲ. လျှင်--သိပ်မကြာခင်မှာ- ခိုးဝင်တဲ. ဘင်ဂါလီ ၈ သိန်းက ၈ သန်းဖြစ်။ အစ္စရေးမှာလို ဂျူး၂သိန်း က ၈ သန်းဖြစ်အောင် နှစ် ၄၀ စောင်.စရာ မလို ဖူးနော်။ ရခိုင်မှာဆိုရင်တော. လား--ခု ရေပိုင်နက် ဆုံးထားကာစပဲရှိသေးတယ်။ ခု-ရွှေဂက်စ် စီမံကိန်းက တန်းလန်း-သိပ် မကြာခင် ကျမတို. မသေခင်မှာပဲ-သူတို. ဘင်ဂါလီတွေက -အန်ဂျီအိုနဲ. အင်္ဂံလိပ်အစိုးရ ပရောဂ ၊ အစ္စလမ်နိုင်ငံတွေကို ပထမဆုံးအကြိမ် မျက်နှာ လုပ်မဲ. အနောက်ကမ္ဘာက လူလည်တွေက -မြန်မာလူမျိုးနဲ.တိုင်းရင်းသားတွေ လူ မျိုး စုတွေ ဘယ်တုန်းကမှ မရ ခဲ.တဲ. လူ.အခွင်.အရေး နဲ. သီးခြားအုပ်ချုပ်ရေးတွေ -ရခိုင်ပြည်မှာ ခိုးဝင်နေသူတွေအတွက် ရိုဟင်ဂျာသီးခြားနိုင်ငံတော် ဖြစ်သင်.ပါတယ်ဆိုပြီး ဖိအားပေး၊ လပ်ထိုးယူသွားပါလိမ်.မယ်။



ဘင်ဂါလီ ၁သန်းနီးပါးက ၅ နှစ် အတွင်း ၅ သန်း ကျော် စေ ရမယ်။ ဗုဒ္ဓဘာသာဝင်တွေ အကြီးအကျယ် ရင်ကွဲမဲ. အန္တရာယ် မို.--လိုအပ်လာရင် နည်းပေါင်းစုံသုံးပြီး ကလေးတွေ။ မိန်းမတွေ။ ဘုန်းကြီးတွေ၊ တိုင်း ရင်းသားတွေ၊ ရှေ.ထွက်လာကြမယ်ထင်ပါတယ်။ စစ်အစိုးရကို ဘယ်တုန်းက မှ မထောက်ခံခဲ.တဲ. မြန်မာနိုင်ငံသားတွေဟာ-ခု ရိုဟင်ဂျာကိစ္စမှာ ပြင်းပြင်းထန်ထန်ဆန်.ကျင်ကြတယ်။ ဘာကြောင်.ဆိုတာ အနောက် ကမ္ဘာက တွက်တတ်ပါတယ်။ ခိုင်းကောင်းတဲ.ပြည်ပမီဒီယာက မြန်မာတွေက လည်း ပေါ်ရာ ခေါင်းစဉ်အတွက် တက်ကြွစွာ အလုပ်လုပ်ပေးနေတဲ. အတွက်-တိုင်းပြည်သိပ်နစ်နာပါတယ်။



ဘယ်လိုနည်းနဲ.ဖြစ်ဖြစ်- ရခိုင်ပြည် ကုလား မမြိုအောင် -သူတို.တင်နေတဲ. အကြံအဖန် မမှန်တဲ. သတင်းတွေကို တန်ပြန်ဖို. အလုပ်လုပ်နိုင်တဲ.သူတွေ နိုးကြားကြပါ။ အစိုးရ လည်း ဂရမ်မီ အသံဆု နှင်.တကွ အကယ်ဒမီ သရုပ်ဆောင်ဆု ရခွင်. မရှိ။ အလားတူပဲ-ပြည်ပ မီဒီ ယာ၊ အန်ဂျီအို များ၊ တကယ် မ၀ဲပဲ လူကြားကောင်းအောင် ၀ဲတဲတဲ လုပ်လေသော လူ.အခွင်.အရေး အမည်ခံတွေ လည်း- အသံ ဂရမ်မီဆု မရသင်.ပါ။ ရခိုင်တွေ၊ ဘယ်တုန်းကမှ အကြမ်းမဖက်တဲ. ဗုဒ္ဓဘာသာဝင်တွေ ကို ဘက်ပေါင်းစုံကစော်ကားစိမ်ခေါ်နေကြတာမို. အမျိုးသားရေးမို. သိတဲ.နည်း ၊ရတဲ.နည်း သုံး၊ နည်းပေါင်းစုံသုံးပြီးဆန်.ကျင်ကြမယ်။



aasw

august 2, 2012
လွင်အောင်စိုးဖေ့စ်ဘုတ်မှမျှသှ်

Thursday, August 02, 2012


ဝါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း

စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့ တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။



အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

“ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

အခုအခါမှာတော့ အခြေအနေ အေးဆေး ငြိမ်သက်သွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

သတင်း။။ နိရဉ္စရာ

မြေဈေးနှုန်းကို မော်တော်ကားဈေးကွက်ကဲ့သို့ ဖြစ်သွားရန်ပြုလုပ်မည့် အစီအစဉ်တစ်ခုရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြား

ရေးသားသူ- မြင့်မိုရ်ဆွေ

မြေဈေးနှုန်းကို မော်တော်ကားဈေးကွက်ကဲ့သို့ ဖြစ်သွားရန်ပြုလုပ်မည့် အစီအစဉ်တစ်ခုရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြား

ကြောင်းဇူလိုင် ၅ ရက်ထုတ် 7Day News ဂျာနယ်တွင် ဖတ်ရှုခဲ့ရပါသည်။ မိတ်ဆွေတစ်ဦးက မြို့ပြလူမှုဘ၀တွင် မြေသည်ဖိုးသူတော်နှင့်တူ၍ မော်တော်ကားသည် တောင်ဝှေးနှင့်တူကြောင်း၊ တောင်ဝှေးလဲလျှင် ဖိုးသူတော်က ထူ၍ရကြောင်း၊ အချိန်တိုအတွင်းတောင်ဝှေးလဲပြီးနောက် ဖိုးသူတော်ပါ အလဲထိုးခံရလျှင် အကုန်တုံးလုံးပက်လက်လန်၍ အချို့မှာ လက်ထဲကခွက်ပင် လွင့်ပျောက်သွားနိုင်ကြောင်း ဝေဖန်ပြောကြားလာပါသည်။



ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသည် မော်တော်ကား ဈေးနှုန်းကိုကျအောင် မည်ကဲ့သို့ပြုလုပ်ခဲ့သနည်း။ ဈေးကွက်လို အပ်ချက် ပြည့်မီအောင် အရေ အတွက် များစွာ ဖြည့်ဆည်းခြင်း နှင့် အခွန်ငွေလျှော့ချခြင်းဟူသော နည်းလမ်းနှစ်သွယ်ဖြင့် ကျအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို အထင် အရှားတွေ့မြင်နိုင်ပါသည်။ တစ်နည်းအားဖြင့် ရောင်းအား (Supply)ကို တိုး၍ အခွန်ငွေ(Tax) ကို လျှော့ချပေးခြင်းပင် ဖြစ်ပါသည်။



ထိုနည်းအတိုင်း “မြေဈေးကို မော်တော်ကား ဈေးကွက်ကဲ့သို့ ဖြစ်သွားအောင် လုပ်မည်”ဟု ဆိုရာ၌မြို့ပြပြည်သူတို့၏ မြေနှင့် အိမ်ရာ

လိုအပ်ချက်ကို တိုးပွားဖြည့်ဆည်း၍ ဈေးနှုန်းကို လျှော့ချပေးခြင်းဟူသော နည်းလမ်းကိုဆိုလိုခြင်းသာ ဖြစ်မည်ဟု စာရေးသူ အကောင်း မြင်မိလေသည်။



ဆက်လက်၍ မြို့ပြဈေး တက်ရခြင်းအကြောင်းရင်းများကို ဦးစွာဆန်းစစ်တင်ပြလိုပါသည်။ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်

ကုန်မြို့၏ မြေဈေးသည် ၂၀၀၈ ခုနှစ်မှစ၍ တရိပ်ရိပ်တက် လာခဲ့ရာ လေးနှစ်အတွင်း လေးဆမှ ငါးဆအထိ တိုးမြင့်လာခဲ့ပေသည်။

မြေဈေးတက်ခြင်း၏ အဓိက အကြောင်းများမှာ ဖြည့်ဆည်းမှုအပိုင်း(Supply) တွင် အားနည်းချက်များရှိခဲ့ခြင်း၊ စိုက်ပျိုးမွေးမြူရေး

နှင့် စက်မှုထုတ်ကုန်လုပ်ငန်းနယ်ပယ်များတွင် စီးပွားရေးကျဆင်းခြင်းနှင့် စီးပွားရေး ပိတ်ဆို့မှုများလျှော့ချ၍ပြည်ပ ရင်းနှီးမြှုပ်နှံမှု

များ တိုးချဲ့ဝင်ရောက်လာသည်နှင့်အမျှမြေယာ လိုအပ်ချက် (Demand) မြင့်မားမည့် အလားအလာကို ကြိုတင်တွက်ဆ ရင်းနှီး

ထားခြင်း စသည့်အကြောင်းရင်းများဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။



ဖြည့်ဆည်းမှုအပိုင်းနှင့်ပတ် သက်၍ ဦးစွာတင်ပြလိုပါသည်။ ၂၀၀၅ ခုနှစ်မှစ၍ ရန်ကုန်မြို့တော် အိမ်ရာစီမံကိန်းများ ကြီးကြပ်မှုကော်မတီကို ဖျက်သိမ်းခဲ့ပြီးနောက် ယခင်ခွင့်ပြုခဲ့သော အစိုးရနှင့် ပုဂလိကအကျိုးတူပူး ပေါင်းဆောင်ရွက်သည့် အထပ်မြင့်အိမ်ရာစီမံကိန်းများတွင် အ ကျိုးအမြတ် ခွဲဝေမှုကို မူလ ၂၀ /၈၀ အချိုးမှ ၄၀/၆၀ အချိုးသို့ ပြင်ဆင်သတ်မှတ်ခဲ့၏။ ပုဂ္ဂလိကများက အစိုးရသို့ ရှယ်ရာ ၂၀ ရာ

ခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ပေးရန် အခက်အခဲရှိလာသောအခါ အထပ်မြင့်တိုက်များကို အ ထပ်နိမ့်များအဖြစ် ပြောင်းလဲပစ်လိုက်ကြ၏။ မြေကြီးထဲ၌အထပ် မြင့်အတွက် အကုန်အကျများစွာ ခံ၍ အုတ်မြစ်ချပြီးမှ ရှစ်ထပ်သို့ပြောင်းလဲဆောက်လုပ်မှုများ ရှိလာ၏။ ဆောက်လုပ်မှုများမှာ လည်း နှေးကွေးပြီး အခန်းအရေ အတွက် ယုတ်လျော့ကျဆင်းမှုများ ဖြစ်ပေါ်လာ၏။



တစ်ချိန်တည်းမှာပင် တဲပေါ် မှ တိုက်ပေါ်တင်စီမံကိန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းစသည်များလည်း ရပ်ဆိုင်းသွား၏။ နိုင်ငံတော် အပိုင်းမှ ထုတ်လုပ်မှုကျဆင်း၍ ဖြည့်းဆည်းမှု (Supply) အားနည်းလာသောအခါ ပုဂ္ဂလိက ကုမ္ပဏီများက ပုဂ္ဂလိကမြေပေါ်၌ ၎င်းတို့အစီအစဉ်ဖြင့် ဆောက် လုပ်ပြီးစီးသော ကွန်ဒိုခေါ် အဆင့် မြင့်အိမ်ရာများကို ပြိုင်ဘက်မရှိ ဈေးတင်ရောင်းချလာ၏။



တစ်ဖက်တွင် နိုင်ငံပိုင် သိမ်းဆည်းထားသော မြေနှင့်အဆောက်အအုံများ၊ နိုင်ငံတော်ပိုင် အဆောက်အအုံ အမြောက်အမြားကို ထုခွဲ

ရောင်းချမှုများ ရှိလာ၏။ ထိုကဲ့သို့ ရောင်းချခဲ့သော နိုင်ငံပိုင်မြေကွက်လပ်များအနက် အများအပြားမှာ နောင်တစ်ချိန် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းချိန်၌ ဒီမိုကရေစီ အစိုးရသစ်၏ ဖွံ့ဖြိုးရေးစီမံကိန်းများအလို့ငှာ ချန်လှပ်ထားရှိသင့်သော အဖိုးတန်မြေအများအပြား ပါဝင်နေသည်ကို တွေ့ ရှိရပေသည်။ အမှန်အားဖြင့် လက် ၀ယ်ရှိသည့် မြေရောင်း၍ ငွေရှာရ သော အလုပ်မှာ အထည်ကြီး ပျက်မုဆိုးမအလုပ်သာဖြစ်သည် ဟူသော ရှေးလူကြီးသူမ ပြောစ ကားမှာ မှတ်သားဖွယ်ကောင်းလှ၏။ ဖွံ့ဖြိုးဆဲနိုင်ငံတွင် အစိုးရ၏ လက်ဝယ်ရှိ မြို့ပြမြေကွက်လပ်များသည် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ပြဒါးရှင်လုံးသဖွယ်ဖြစ်ပေသည်။ အချို့မြေကွက်များမှာ အစိုးရနှင့် ပုဂ္ဂလိက အကျိုးတူပူးပေါင်း ၍သော်လည်းကောင်း၊ B.O.T စနစ်ဖြင့်သော်လည်းကောင်း၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်သော် လည်း၊ အိမ်ရာစီမံကိန်းမျာ၊ စီးပွားရေးအဆောက်အအုံများ စသည် ဖြင့် အကောင်အထည်ဖော်သင့် သည့် မြေများဖြစ်သော်လည်း ပုဂလိက ငွေရှင်ကြေးရှင်များ၏ လက်ဝယ်သို့ ပိုင်ဆိုင်မှုလုံးဝသက် ရောက် ကျဆင်းသွားသည်မှာ လွန်စွာနှမြောဖွယ်ကောင်းလှ၏။ အိမ်ရာမြေလက်ဝယ်ထား ဈေးကစားမှု(Land Speculation)ကို သွယ်ဝိုက်၍ အးပေးရာလည်း ရောက်ခဲ့၏။



ထို့အပြင် မြန်မာနိုင်ငံ၏ စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများမှာ အကြောင်းကြောင်းကြောင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် များစွာအရှုံးပေါ် ခဲ့ကြပြီး စက်မှုကုန်ထုတ်လုပ်ငန်း မှာလည်း လျှပ်စစ်ဓာတ်အားအ ခက်အခဲ၊ နည်းပညာနောက်ကျ ကျန်ရစ်မှုနှင့် စီးပွားရေးပိတ်ဆို့မှုစသည်တို့ကြောင့် ဆုတ်ယုတ်ကျဆင်းမှုများနှင့် ကြုံတွေ့နေရသည့် အချိန်လည်း ဖြစ်ပေသည်။ သို့ဖြစ်၍ ငွေကြေးဖောင်းပွမှုဒဏ်ကို အခံနိုင်ဆုံးဖြစ်သော မြို့ပြမြေ ယာကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုများ ပို မိုစီးဝင်လာခြင်းဖြစ်၏။ ၀င်ငွေအလယ်အလတ် ရှိသူတို့၏ စု ဆောင်းငွေများသည်ပင် မြို့သစ်များ၌ မြေနှင့်အိမ်ရာကဏ္ဍသို့ စုပြုံ ၀င်ရောက်လာကြ၏။



ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာလျှင် မြေဈေးတက်မြဲဖြစ်ပါသည်။ “အရင်းစစ်လျှင် အမြစ်မြေက”ဆို သကဲ့သို့ မြေမရှိလျှင် မည်သည့် စီမံကိန်းမျှ အမြစ်တွယ်၍ မရနိုင်ပေ။ ပြည်ပရင်းနှီးမြှုပ်နှံမှုအမြစ် တွယ်ရန်အတွက် မြေအမျိုးအစား မှာ ပြည်တွင်းရှိ SMEs ဟုပင် ခေါ်ဆိုနိုင်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်သာ သင့်လျော်သည့် အခြေခံအဆောက်အအုံအဆင့်နိမ့်(၁)ဧက၊ (၂)ဧက မြေကွက်များမဟုတ်ပေ။ SEZ(Special Economic Zone) ဟူသော အထူးစီးပွားရေးဇုန်၊ EPZ (Export Psocessing Zone) ဟူသော ပြည်ပပို့ကုန် ထုတ်လုပ်သည့် နိုင်ငံတကာအ ဆင့်မီ စက်မှုဇုန်ကြီးများမှ မြေယာများသာ ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် အဆိုပါ ဇုန်ကြီးများ ထပ်မံဖော်ထုတ်ရန်များစွာလို အပ်လျက်ရှိနေပေသည်။



မြို့ပြမြေဈေးကျအောင် ဆောင်ရွက်ရာ၌ အခွန်နှုန်းမြှင့် တင်ခြင်း၊ မဆောက်လျှင် ပြန် သိမ်းခြင်းစသည် “ညှစ်ထုတ်သည့်အား”(Forced action ထက်ဘက်ပေါင်းစုံမှ ရှုမြင်၍ အခြေခံ အကြောင်းရင်းများကို ဖယ်ရှားခြင်းဟူသော “အမြစ်ဖြုတ်မည့်အား” (Creative Action) များကို ပိုမိုအရင်းပြုစေလိုပါသည်။ အထူးသဖြင့် အောက်ပါလုပ်ငန်းသည် မြို့ပြမြေယာဈေးကွက်ကျဆင်းမှုကို အထင်အရှား အကျိုးသက် ရောက်စေမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

(၁) မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း နှင့် မြေအသုံးချမှုစီမံကိန်းများ အမြန်ပြီးစီးအောင် ရေးဆွဲအ ကောင်အထည်ဖော်ရန်။

(၂)အချက်အခြာနေရာများ ရှိ မြို့မြမြေကွက်လပ်များကို စီး ပွားရေး လုပ်ငန်းရှင်ကြီးများသို့ ရောင်းချခြင်း မပြုရန်။

(၃)မြို့ကြီးများ၌ အိမ်ရာသန်း ခေါင်စာရင်းနှင့် အိမ်ရာလိုအပ်ချက် ကို စနစ်တကျပြုစုရန်။

(၄) နိုင်ငံတော်အပိုင်းမှ လက်ရှိအိမ်ရာ၊ မြေယာချထားမှုစနစ်ကို ပိုမိုပွင့်လင်းမြင်သာမှုရှိ စေရန်။

(၅) ၀င်ငွေအလယ်အလတ် နှင့် ၀င်ငွေနည်းပြည်သူများအတွက်တန်ဖိုးနည်းနှင့် တန်ဖိုးလတ်အိမ်ရာစီမံကိန်းများ၊ တဲပေါ်မှ တိုက်

ပေးတင်စီမံကိန်းများ ဦးစားပေးအကောင်အထည်ဖော်ရန်။

(၆) အိမ်ရာဘဏ်(Housing Bank) ထူထောင်ရန်။

(၇) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစက်မှုဇုန်များ ဖော်ထုတ်ရန်။

မည်သို့ဆိုစေ ဆောင်းပါး အစ၌ စာရေးသူတင်ပြခဲ့သည့်

အတိုင်း မြို့ပြမြေဈေးရှိ ကျစေရန် အတွက် ကားဈေးကျအောင် လုပ်ခဲ့သည့်နည်းအတိုင်းဖြစ်လျှင် မူ အမှန်ပင်အသင့်တော်ဆုံးဖြစ်ပါ ကြောင်း ...။ ။

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား


 
စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌ ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးအောင်မြကျော်က ယခုလို ပြောသည်။
“ ဖြစ်တာက သဲချောင်းကို ဖြတ်ပြီ မန်ဇီဘက်က မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီကို ဆန်သွားပို့တဲ့ ကားကို ၀ိုင်းပြီး လမ်းကနေတားကြပါတယ်။ အဲသလို တားဆီးတာကို အဲဒီဆန်ကားကို နောက်ကနေ မော်တော်ဆိုင်ကယ်တွေနဲ့ အစောင့်အရှောက် လိုက်ပါလာတဲ့ မင်းဂံရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့တွေက ဟန့်တားတယ်။ အဲသလို ဟန့်တားနေစဉ် မွတ်ဆလင် လူအုပ်က တိုက်ခိုက်ဖို့ ၀ိုင်းလာတဲ့ အတွက် ဆိုင်ကယ်ကို ပစ်ထားပြီး ကိုယ်လွှတ်ထွက်ပြေးခဲ့ကြရပါတယ်” ဟု ပြောသည်။
စခန်းမှူး အပါအ၀င် ရဲတပ်သား ၄ ဦးမှာ အနီးအနားရှိ စစ်သားများ ယာယီ စခန်းချနေသော မန်ဇီ ရွာ စခန်းသို့ ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ရသည်ဟု သူက ဆက်ပြောသည်။
“ ရဲတွေကို ပစ်ခတ်မူ မလုပ်ဖို့ အထက်က ညွန်ကြားထားပုံရပါတယ်။ ဒါကြောင့် သူတို့က ဘာမှ မတုန့်ပြန်ဘဲ ကိုယ်လွှတ် ထွက်ပြေးကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ရတဲ့ သတင်းက စစ်တပ်နဲ့ အဲဒီနေရာကို လာပြီး ထိန်းလိုက်မှ အခြေအနေ တည်ငြိမ်သွားတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။
အခင်း ဖြစ်ပွားရာတွင် ပါဝင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များမှာ မင်းဂံ စခန်းမှူး၊ တပ်ကြပ်ကြီး ဦးဖေသန်းဦး၊ တပ်သား အောင်ရွှေနှင့် တပ်သား ကိုလှဝင်းတို့ ဖြစ်ကြောင်းနှင့် သူတို့တွင် စက်ကလေးတစ်လက်၊ ရိုင်ဖယ် (၂)လက်နှင့် ခြောက် လုံးပြူး (၁)လက်တို့ ပါရှိခဲ့သည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
နောက်တစ်ခြား ဖြစ်စဉ် တစ်ခုတွင် မြန်မာ စစ်တပ်နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေနတ် ပစ်ခတ်မူ အထိ ဖြစ်ပွားခဲ့သည်ဟု ဦးအောင်မြကျော်က ပြောသည်။
“ မနေ့က ညနေပိုင်းမှာ စစ်တွေမြို့ပြင် ဒုံးပြင် မွတ်ဆလင် ရွာမှာလည်း စစ်တပ်နဲ့ ပြဿနာ ဖြစ်တယ်လို့ ကြားရပါတယ်။ ဖြစ်တာက အဲဒီရွာက မွတ်ဆလင် သုံးလေးဦးက အနီးအနားမှာ စခန်းချနေတဲ့ စစ်တပ်ဖွဲ့ တစ်ခုက စစ်သားတွေကို သူတို့ရွာမှာ မြေပိုင်ဆိုင်မူနဲ့ အရှုပ်အထွေး ဖြစ်ပြီး စကားများနေကြတဲ့ အတွက် လာရောက် ဖြေရှင်းပေးပါဆိုတာကြောင့် ရွာထဲကို လိုက်သွာံးတဲ့အခါ မွတ်ဆလင် လူအုပ်က ၀ိုင်းလာတဲ့ အတွက် မိုးပေါ်ကို သေနတ် ထောင်ပစ်ပြီးတော့ ထွက်ပြေးလာရတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ စစ်တပ်က တပ်ကူလိုက်သွားပြီး ပစ်ခတ်တဲ့ အတွက် လူ (၃) ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ကြားရပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ပြုလုပ်ကြခြင်းမှာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား စစ်တွေကို ရောက်ရှိနေချိန်တွင် ပြဿနာ ဖြစ်ပွားပြီး အရှုပ်အထွေး ဖြစ်အောင် တမင် ဖန်တီး လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးအောင်မြကျော်က သုံးသပ် ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မွတ်ဆလင်များ ဘက်မှ သဘောထားကို သိရှိနိုင်အောင် ဖုံးဖြင့် ဆက်သွယ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးပါ။
ကိုသောင်း(ပုလဲမြေ)ဖေ့ဘုတ်မှရှယ်သှ်
.

ဘင်္ဂလီတစ်ဦကို စစ်ဆေးမေမြန်း


ဖေ့ဘုတ်မှရှယ်သှ်

Wednesday, August 01, 2012


အသိုင်းအ၀ိုင်းအချို့က ဘာသာရေးပြဿနာအဖြစ် နိုင်ငံရေးနှင့် နိုင်ငံတကာကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန်ကြိုးပမ်းမှုကို မြန်မာနိုင်ငံက လုံးဝပယ်ချ

ရန်ကုန်၊

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အစိုးရက တရားဝင်သတင်းထုတ်ပြန်လိုက်ပြီဖြစ်ရာ ပဋိပက္ခများ

၌ အိုင်အင်န်ဂျီအိုသုံးခုမှ ၀န်ထမ်းကိုးဦးပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး

ဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားသည်။


ယခုနှစ် ဇွန်လကဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သော နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း(INGO)

သုံးခုမှ ၀န်ထမ်း ၁၀ ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ တစ်ဦးမှာ အပြစ်မရှိသည့်အတွက် ဇူလိုင် ၃ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီး

၍ ရုံးတင်တရားစွဲခံနေရသောဝန်ထမ်းကိုးဦးမှာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့နှစ်ခု ဖြစ်သော UNHCR မှ ငါးဦး၊ WFP မှ တစ်ဦးဖြစ်ပြီး AZG မှလည်း သုံးဦးပါဝင်သည်။



၎င်းတို့မှာ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွား နေစဉ် နေအိမ်မီးရှို့မှုများ၊ လှုံ့ဆော်သော လက်ကမ်းစာရွက်များ ဖြန့်ဝေခြင်းစသည့်

ဥပဒေပ လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ INGO ၀န်ထမ်းများက အဖွဲ့အ စည်းအဓိကတာဝန်ကို မဆောင်ရွက်ဘဲ ၎င်းတို့ပြစ်မှုကျူးလွန်ခဲ့ ခြင်းကို ခိုင်လုံသော အထောက်အထားများ၊ သက်သေများ အခိုင်အမာရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက

ပြောသည်။ ၎င်းတို့အား တရားစွဲဆိုရာတွင် ဥပဒေနှင့်အညီ သက်သေငှားရမ်းခွင့်လည်း ပြုထားပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်းခံယူရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။ အပြစ်မရှိ၍ ပြန်လွတ်ပေးလိုက်သူတစ်ဦးမှာ AZG မှ ၀န်ထမ်းဖြစ်သည်။



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက် ၍ မြန်မာအစိုးရက အာဆီယံနှင့် နိုင်ငံတကာသို့ အသေးစိတ် ရှင်းပြ ရန်

မျှော်လင့်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာဆူရန်ပစ်ဆူဝမ်က ဇူလိုင်၂၆ ရက်တွင် ပြောကြားခဲ့သည်။



ထိုသို့ပြောကြားခဲ့ပြီး ၄ရက်အကြာဇူလိုင် ၃၀တွင် မြန်မာအစိုးရကမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စား

လှယ် မစ္စတာကင်တားနား၊ နိုင်ငံတကာမှ သံတမန်များ၊ ပြည်တွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ NGO, INGO များမှ တာဝန်ရှိ

သူများ၊ ပြည်တွင်း ပြည်ပသတင်းထောက်များရှေ့တွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အသေးစိတ် သတင်းထုတ်ပြန်ခဲ့သည်။



အကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးတွင် သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရသူ ၁၀၉ ဦး ရှိခဲ့ သည်။ လူနေအိမ်ပေါင်း ၄၈၂၂ လုံး၊ ဗလီ ၁၇ ခု၊

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း နှင့် စာသင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့သည်။ ပြစ်မှုကျူးလွန်သူ ၈၅၈ ဦးအား

ဖမ်းဆီး အရေးယူခဲ့သည်။ သေဆုံးသူများထဲတွင် ဥပဒေချိုးဖောက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သော

ကြောင့် သေဆုံးသူရှစ်ဦးပါဝင် ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



ပဋိပက္ခများကြောင့် ဒုက္ခရောက်ရသူများအတွက် ကယ်ဆယ်ရေးစခန်း ၈၉ ခုကို တည်ဆောက်ပေးထားပြီး လက်ရှိတွင် ဒုက္ခသည်

အရေအတွက်မှာ ရခိုင် လူမျိုး ၁၄၃၂၈ ဦး၊ အစ္စလာမ် ဘာသာဝင် ၃၀၇၄၀ ဦး၊ စုစုပေါင်း ၄၅၀၆၈ ဦးရှိသည်။ ကယ်ဆယ်ရေးစခန်းများမှာ

မိသားစုအချို့ မှာ ဒေသပြန်လည်တည်ငြိမ်လာသည့်အတွက်မိမိနေရပ် ပြောင်းရွှေ့သူများလည်းရှိသည်ဟုဆိုသည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က “ဖြစ်ပေါ်နေသော အခြေအနေများကို ဖြေရှင်းရာ၌ အာဏာပိုင်များက မလိုအပ်ဘဲ

အင်အားအလွန်အကျွံ အသုံးပြုကြောင်း အချို့အသိုင်းအ၀ိုင်း၏ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေ ဖြင့် အခိုင်အမာငြင်းဆိုသည်။



အထက်ပါဖြစ်စဉ်များမှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အနည်းငယ်တွင်းပေါ်ပေါက်ခဲ့သော အုပ်စုချင်းအကြမ်းဖက်မှုများသာဖြစ်သည်။

သို့ဖြစ်ရာ ဖြစ်ရပ်မှန်အခြေအနေများကို ထောက်ရှု၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ် ခဲ့သည့် ကိစ္စရပ်များအား အချို့

အသိုင်းအ၀ိုင်းမှ ဘာသာရေး ပြဿနာတစ်ရပ်အဖြစ် နိုင်ငံရေး အသွင်နှင့် နိုင်ငံတကာကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန် ကြိုးပမ်းမှုများကို

မြန်မာနိုင်ငံက လုံးဝပယ်ချသည်”ဟု သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားသွားသည်။



မေ ၂၈ ရက်က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာအနီး ရခိုင်အမျိုးသမီးငယ်တစ်ဦးအား မွတ်ဆလင် လူငယ်သုံးဦးက လုယက်၊ အဓမ္မပြု၊သတ်ဖြတ်ခြင်းနှင့် ဆက်စပ်၍ ဇွန်၃ရက်တွင် တောင်ကုတ်၌ ခရီးသည်တင်ကားပေါ် မှ မွတ်ဆလင်အမျိုးသား၁၀ဦးအား ဒေသခံများကသတ်ဖြတ်ရာမှ အကြမ်းဖက်မှုများမှာ စတင်ခဲ့သည်။



သို့သော် အဆိုပါအသတ်ခံရသူ ၁၀ဦးမှာ အိနိယနိုင်ငံတောင်ပိုင်းမှ အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း သတင်းရရှိသည်။ အထက်ပါ

ဖြစ်ရပ်နှစ်ခုဖြစ်ပွားပြီး စစ်တွေ၊ မောင်တောနှင့် ဘူး သီးတောင်မြို့များတွင် အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်လာခြင်း ဖြစ်ကြောင်း

အစိုးရ၏ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။



“တစ်ဦးနှင့်တစ်ဦး ဘာသာရေးအယူအဆ ကွဲပြားခြင်း၊ အထင်အမြင် လွဲမှားခြင်းမှ မုန်းတီးမှုနှင့် လက်တုံ့ပြန်မှု၊ လက်စားချေမှုများကြောင့်

ဥပဒေမဲ့ စရိုက်များ ပြန့်နှံ့သွားခဲ့ခြင်းဖြစ် ကြောင်း တွေ့ရှိရသည်”ဟု အစိုးရက အကြမ်းဖက်မှုများ၏ ဇစ်မြစ်ကို ဖော်ပြသည်။

အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ရသူများအတွက် နေထိုင်စားသောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် အစိုးရ၊

နိုင်ငံတကာအဖွဲ့အစည်း များဖြစ်သော UNHCR, Care Myanmar, WFP ကုလသမဂ မဟာမင်းကြီးရုံးစသော အစိုးရ မဟုတ်သော

နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအလှူရှင်များ၏ အကူအညီများဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း

တရားဝင်သတင်းထုတ်ပြန်သည်။ ထို့အပြင် မောင်တော၊ စစ်တွေမြို့များကို မြို့ပြစီမံကိန်းသစ်ရေးဆွဲအကောင်အထည်ဖော်မည့် အစီ

အစဉ်များကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ရှင်းပြခဲ့သည်။



အဆိုပါ ပဋိပက္ခများကို ပြည်ပမှ အဖွဲ့အစည်းအချို့နှင့် ပြည်ပမီဒီယာအချို့က ဘာသာရေး ပြဿနာတစ်ရပ်အသွင်၊ အစိုးရက

ဘင်္ဂါလီများကို အင်အားသုံး ဖြိုခွင်းနေသည့်အသွင် ယခုလပိုင်းတွင် ပိုမိုစွပ်စွဲဖော်ပြလာသည်။ ရခိုင်ပြည်နယ်အရေးကို စုံစမ်းရန် မစ္စတာ

ကင်တားနားသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၉ ရက်မှ စတင်ရောက်ရှိလာပြီး၊ ရခိုင်ပြည် နယ်သို့ သွားရောက်မည်ဖြစ်သည်။ ကင်တားနားသည်အစိုးရမှ တာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်း စုကြည်၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လည်းခရီးစဉ်အတွင်း တွေ့ဆုံမည်ဖြစ်သည်

7day news journal

``ဒီမိုကရေစီတည်ဆောက်ရေးကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ´´

ပညာရှိချင်း ခေါင်းတိုက်မိတယ်ဆိုတဲ့ စကား ကြားဖူးကြမယ်ထင်ပါတယ်။ ဆောင်းပါးရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အဲသလို အတွေ့အကြုံ မကြာခဏ ကြုံရတတ်ပါတယ်။ အခြားသူတစ်ယောက်ရေးတဲ့ အကြောင်းအရာနဲ့ ကျွန်တော့်ဘာသာ သင့်မယ်ထင်လို့ ရွေးချယ်ပြီး ရေးလိုက်တဲ့ အကြောင်းအရာ တစ်ချိန်တည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကို ဆိုလိုတာပါ။ အဲဒါကို ပညာရှိချင်း တွေးပုံချင်းတူတယ်ါမနအောနည အ့ငညုေူငုန လို့ ဂုဏ်ယူပြီး ပြောလေ့ရှိတယ်။



ဝင်းထွဋ်ဇော်နဲ့ ကျွန်တော်

ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ပင်တိုင် ဆောင်းပါး ရှင်တစ်ယောက် ဖြစ်တဲ့ ဆရာ ၀င်းထွဋ်ဇော်က ``ဒီမိုကရေစီ စီးပွားရေးမှာ ခရိုနီတွေ လိုသေးသလား´´ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးတယ်။ သည်အကြောင်း အရာကို သူရေးထားမှန်းမသိဘဲ ကျွန်တော်ကလည်း ``ခရိုနီများရဲ့ ရှေ့ခရီး´´ဆိုပြီး ဆောင်းပါးရေးလိုက်တယ်။

ပြည်သူ့ခေတ်ဂျာနယ်မှာ ကျွန်တော်က အတိုင်ပင်ခံတာဝန်ကိုပဲ ယူထားပါတယ်။ ဆောင်းပါးတွေကို အယ်ဒီတာအဖွဲ့ကပဲ ရွေးတာ ပယ်တာ လုပ်ပါတယ်။ ကျွန်တော့်ဆီတိုက်ရိုက်ရောက်လာတဲ့ ဆောင်းပါးတွေကိုတောင် ကျွန်တော်က အယ်ဒီတာအဖွဲ့ထံကိုပဲ မှတ်ချက်ရေးပြီး ပို့ပေးပါတယ်။

ပုံနှိပ်ဖော်ပြမယ့် စာမူတွေကို စာပေစိစစ်ရေးတင်တော့မှ တင်ထားတဲ့ စာမူတွေကို မိတ္တူဆွဲပြီး ကျွန်တော့်ဆီ တစ်စုံပေးပါတယ်။ အဲဒီအခါ ရုံးကို တင်ထားတဲ့ စာမူတွေကို ဖတ်ရင်း ဆရာဝင်းထွဋ်ဇော်ရဲ့ ဆောင်းပါးကို တွေ့ရ တာပါ။ တော်ပါသေးရဲ့၊ ကျွန်တော်တို့ နှစ်ယောက်ဟာ အကြောင်းအရာ ချင်းတူပေမယ့် ချဉ်းကပ်ပုံချင်းမတူဘဲ ကိုယ့်ရှုထောင့်နဲ့ ကိုယ်ရေးမိပေလို့။ သို့ပေမယ့် ခရိုနီပြဿနာအပေါ် ထားရှိတဲ့ သဘောထားချင်းက မကွဲလွဲဘူး။ ကွဲလွဲရင်လည်း ကျွန်တော့်သူငယ်ချင်းက စိတ်ကြီးကြီးနဲ့ဆိုတော့ ကျွန်တော့်ကို ပြစ်တင်ရှုတ်ချလို့ ဆုံးမှာ မဟုတ်ဘူး။ ၀င်းထွဋ်ဇော်နဲ့ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ ဘာသာတွဲအတူတူ၊ တစ်တန်းတည်းသား၊ ကျောင်းသား လှုပ်ရှားမှုတွေမှာ ဘက်တစ်ဘက်တည်းရပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ သူက ပထမ ပြည်သူ့ခေတ်အယ်ဒီတာအဖွဲ့မှာ ပါခဲ့သေးတယ်။ နောက်တော့ လွတ်လပ်တဲ့ ဆောင်းပါးရှင်အဖြစ်ပဲ ရေးပေးနေပါတယ်။



အပတ်စဉ်ပါနေအောင်

စာပေစိစစ်ရေးကို ကျွန်တော်တို့ ဂျာနယ်အနေနဲ့ ဗုဒ္ဓဟူးနေ့ တစ်ကြိမ်၊ သောကြာနေ့တစ်ကြိမ်၊ နှစ်ကြိမ် စာမူများ တင်ရပါတယ်။ ကျွန်တော်က ဗုဒ္ဓဟူးနေ့တင်တဲ့အထဲ ပါအောင် ရေးလေ့ရှိတယ်။ ဒါမှ အဲဒီစာမူကို စာပေစိစစ်ရေးက ပယ်လိုက်တယ်ဆိုရင် သောကြာနေ့အမီ နောက်တစ်ပုဒ်ထပ်ရေးပြီး တင်နိုင်မှာ ဖြစ်တယ်။ အဲသလို ၀ီရိယ ကောင်းကောင်းနဲ့ ရေးခဲ့ပေလို့သာ ကျွန်တော့်ဆောင်းပါးတွေ အပတ်စဉ်လို ပါနေတာ ဖြစ်ပါတယ်။

တစ်ခါတလေ အလုပ်တွေ များနေလို့ ဗုဒ္ဓဟူးနေ့ ရုံးတင်ချိန်အမီ ဆောင်းပါး မပေးနိုင်ရင် သောကြာနေ့အမီရေးပြီး ပေးရပါတယ်။ အဲဒီလို အပတ်ဆို ကျွန်တော့်မှာ ရင်တထိတ်ထိတ်နဲ့ စောင့်ရပါတယ်။ သောကြာနေ့ တင်တဲ့စာမူ အပယ်ခံရပြီဆိုရင် အဲဒီအပတ် မောင်ဝံသ ဆောင်းပါး မပါ တော့ဘူးပေါ့။



ဒီမိုကရေစီရဲ့ အန္တရာယ်

ဒီတစ်ပတ်လည်း ကျွန်တော် ဗုဒ္ဓဟူးနေ့အမီ ဆောင်းပါး မရေးနိုင်ခဲ့ဘူး။ သောကြာနေ့ရုံးတင်ဖို့အမီ ရေးဖို့ပဲ ပြင်ဆင်နေပါတယ်။ ကျွန်တော်ပြင်ဆင်နေတာက ဥပဒေပြုတာဝန်ရှိသူတွေ စဉ်းစားနိုင်အောင် အရေးကြီးတဲ့အကြောင်းအရာတစ်ခုကို တင်ပြဖို့ပါပဲ။ အဲဒီအခိုက်မှာ ဗုဒ္ဓဟူးနေ့ စာပေစိစစ်ရေးကို တင်ထားတဲ့ ပြည်သူ့ခေတ်စာမူ ပထမအသုတ် မိတ္တူတွေ ကျွန်တော့်ဆီ ရောက်လာပါတယ်။ ဖတ်ကြည့်လိုက်တော့ ဆရာဗသုန်ရဲ့ ``ဒီမိုကရေစီရဲ့ အန္တရာယ် အစပြုမလာစေဖို့´´ဆောင်းပါးဟာ ကျွန်တော် ယခုအပတ်ရေးမယ့် အကြောင်းအရာနဲ့ တိုက်ဆိုင်နေတာ တွေ့ရပြန်တယ်။ သူက ဒိမိုကရေစီရဲ့ အန္တရာယ်တွေကို ထောက်ပြထားတယ်။ ကျွန်တော်ကလည်း ခုတစ်လော ဒီမိုကရေစီဆန့်ကျင်ရေးသမားတွေ သိသိသာသာ ပိုပြီး အာကျယ်လာကြသလားလို့ စိုးရိမ်ပူပန်စိတ်နဲ့ ``ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါးနှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ´´ဆိုတာကို ပြဌာန်းစေလိုကြောင်း ရေးမလို့ ပြင်ဆင်နေတာပါ။



ပုဒ်မ ၁၀(က)နဲ့ (ခ)

ကျွန်တော် ဖြစ်စေလိုတဲ့ ဥပဒေအမည်နာမကို ကြည့်ပြီး စာဖတ်သူ မိတ်ဆွေများ ကြားဖူးသလိုလို ဘာလိုလို ဇဝေဇ၀ါ ဖြစ်သွားကြမယ်ထင်ပါတယ်။ ကြားဖူးကြမှာပေါ့ခင်ဗျာ။ နာမည်ကျော် ပုဒ်မ ၁၀ (က)နဲ့ ပုဒ်မ ၁၀(ခ)။ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် သည့် ဥပဒေ ဆိုတာလေဗျာ။

ကျွန်တော် နိုင်ငံရေးလုပ်ခဲ့တုန်းက သုံးခါ ထောင်ထဲ ရောက်ခဲ့ရာမှာ နှစ်ခါက ပုဒ်မ ၁၀(က)နဲ့ ထည့်ထားခံရတာ ဖြစ်ပါတယ်။ တစ်ကြိမ်ကတော့ ပုဒ်မ ၅(ည)နဲ့ ထောင်ချခံရတာ ဖြစ်ပါတယ်။ ပုဒ်မ ၅(ည)က ၁၉၅၁ အရေးပေါ်စီမံချက် အက်ဥပဒေတဲ့။ ငြိမ်ဝပ်ပိပြားရေး ပုဒ်မလို့လည်း ခေါ်ပါတယ်။ ဆူပူအောင်လှုံ့ဆော်လို့ဆိုပြီး ဖမ်းဆီးထောင်ချတာဖြစ်ပါတယ်။ အမှုကတော့ ဂန္ဒီခန်းမ ကြေညာစာတမ်းရေးသားရာမှာ ပါဝင်ခဲ့မှု။

ပုဒ်မ ၁၀ (က)ကတော့ ကာကွယ်ရေးပုဒ်မလို့ ခေါ်ပါတယ်။ ဘာအမှုမှ မကျူးလွန်သေးပေမယ့် ဒီလူကို အပြင်လောကမှာ ထားရင် နိုင်ငံတော်အား ထိပါးနှောက်ယှက်ဖျက်ဆီးမညိ့် အန္တရာယ်ရှိတယ်၊ ဒါကြောင့် ထောင်ထဲထည့်ထားရမယ်ဆိုပြီး ဖမ်းထည့်ထားတဲ့ပုဒ်မပါ။ အဲဒီဘက်မှာ အင်မတန်မှ ဥာဏ်ကြီးလှပါသော ဦးနေ၀င်းက ၁၉၇၄ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေပါ။

ထောင်ထဲ ထည့်မထားသင့်တဲ့ အဆင့်အတန်းရှိပုဂ္ဂိုလ်မျိုးကိုတော့ ပုဒ်မ ၁၀ (ခ)နဲ့ အိမ်အကျယ်ချုပ်ပေါ့ခင်ဗျာ။



စိတ်နာရတဲ့ အတွေ့အကြုံ

ပုဒ်မ ၁၀ (က)နဲ့ အကျဉ်းခံခဲ့ရတဲ့ အတွေ့အကြုံကို ကျွန်တော်က အတော် စိတ်နာတယ်။ ၅(ည)နဲ့ ထောင်ချတုန်းက မိသားစု ထောင်ဝင်စာလာပြီး မိသားစုနဲ့ ၂ပတ် တစ်ကြိမ်တွေ့၊ စကားစမြည်ပြောနိုင်တယ်။ ၁၀(က)နဲ့ ကျတော့ ထောင်ဝင်စာမရှိဘူး။ မိသားစုက စားစရာနဲ့ ဆေးဝါးစသည်ကို ထောင်ဗူးဝမှာ လာပေးသွားရတယ်။ သားသမီးလေးယောက်အနက် သား နှစ်ယောက်က ကျွန်တော်အဖမ်းခံရတုန်းက ၁၂နှစ်-၁၃နှစ်သားတွေ၊ လေးနှစ်ကျော်ကြာပြီး ကမ္ဘာ့ကြက်ခြေနီ (ICRC) ကိုယ်စားလှယ်အဖွဲ့ ထောင်ထဲဝင်ကြည့်ခွင့်ရတော့မှ ကျွန်တော့်အိမ်က မိသားစု ဓာတ်ပုံကို ယူလာပြလို့ ကြည့်လိုက်ရတယ်။ သားတွေက အရပ်ကြီးတွေမိုးထိုးနေပြီ။ အမေ့ထက်မြင့်သွားကြပြီ။ ကျွန်တော် ဆေးရုံတက်ရချိန်မှာ မိသားစုနဲ့ တွေ့ခွင့်ပေးတော့ သားတွေက ကျွန်တော့်ထက်တောင် မြင့်သွားပြီ။ နောက်ဆုံးအခေါက် ငါးနှစ်ကျော် နေခဲ့ရပြီးမှ ပြန်လွှတ်တယ်။



တကယ်ပြဌာန်းသင့်တဲ့ ဥပဒေ

အခု ဒီမိုကရေစီတည်ဆောက်နေတဲ့ခေတ်မှာ ပုဒ်မ ၁၀(က) (ခ)တွေ၊ ၅ (က) (ည)စတာတွေ လုံးဝမရှိသင့်တော့ပါဘူး။ တော်လောက်ပါပြီ။ နောင်လည်း တကယ်ဒီမိုကရေစီ ပီပြင်ပြီဆိုရင် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန်ဆိုပြီး လူတွေကို ဘာပြစ်မှုမှ မကျူးလွန်သေးဘဲ ထောင်ထဲ ဖမ်းထည့်ထားဖို့ဆိုတာ စိတ်နဲ့တောင် မပြစ်မှားသင့်တဲ့ကိစ္စလို့ ပြောချင်ပါတယ်။

ခုချိန်မှာ တကယ်တမ်း ပြဌာန်းသင့်တဲ့ဥပဒေကတော့ စောစောက ပြောခဲ့တဲ့ ``ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါး နှောက်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ´´ ဖြစ်ပါတယ်။ ဆရာဗသုန်ဆောင်းပါးထဲ ရေးထားသလို နိုင်ငံရေးပါတီအချင်းချင်း မတော်မတရား ပုတ်ခတ်စော်ကား၊ ရန်စတိုက်ခိုက်တာမျိုးတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ပိတ်ပင်တားဆီးတာတွေ၊ ပြည်သူ့အခွင့်အရေး တွေကို ချုပ်ချယ်ကန့်သတ်တာတွေ၊ ရွေးကောက်ပွဲမှာ မဲမသမာမှုကျူးလွန် တာတွေ စတာတွေကို အဲဒီဥပဒေနဲ့ ကာကွယ်တားဆီးဟန့်တားရမှာ ဖြစ်ပါတယ်။



အင်ဒိုနီးရှားက ရခဲ့တဲ့ စိတ်ကူး

အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က ကျွန်တော်တို့ သွားရောက်ပြီး စာနယ်ဇင်းကောင်စီလုပ်ငန်းများ လေ့လာခဲ့စဉ်က တွေ့ခဲ့ရတဲ့ ဥပဒေတစ်ခုကို အကြောင်းပြုပြီး အထက်ပါစိတ်ကူး ကျွန်တော့်ခေါင်းထဲ ၀င်လာခဲ့တာပါ။ အဲဒီဥပဒေကဘာလဲဆိုရင် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက် ဖျက်ဆီးသူ မည်သူမဆို ၂ နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ရူပြားငွေ သန်း ၅၀၀ (မြန်မာငွေ သိန်း ၅၀၀ ခန့်) အထိ ဒဏ်ငွေ တပ်ရိုက်ခံရမည်ဆိုတဲ့ အင်ဒိုနီးရှား စာနယ်ဇင်း အက်ဥပဒေ ပုဒ်မ ၁၈ ဖြစ်ပါတယ်။ ဦးတည်တာက တော့ အစိုးရအာဏာပိုင်များထဲက စာနယ်ဇင်းလွတ်လပ်ခွင့်ကို တစ်နည်းနည်း ပိတ်ပင်ဟန့်တားဖို့ ကြိုးစားသူတွေကို အရေးယူဖို့ ဖြစ်တယ်လို့ ကျွန်တော်တို့ကို ရှင်းပြပါတယ်။ ကောင်းလေစွ။



ပိုကောင်းတဲ့ဥပဒေ

ကျွန်တော်ကတော့ အင်ဒိုနီးရှား ဥပဒေကို ပုံတူကူးမချချင်ပါဘူး။ သူ့ထက်ပိုကောင်းတာကိုပဲ စဉ်းစားကြည့်ပါတယ်။ အဲဒါကတော့ ``ဒီမိုကရေစီတည်ဆောက်ရေးကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ´´ ကိုသာ ပြဌာန်းနိုင်မယ်ဆိုရင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ ဒိမိုကရေစီမြတ်နိုးသော ပြည်သူများကို ဒိမိုကရေစီဆန့်ကျင်ရေးသမား၊ ခေတ်နောက်ပြန်ဆွဲလိုသူများရဲ့ အန္တရာယ်မှ အကာအကွယ်ပေးနိုင်ရုံမက တစ်နွယ်ငင် တစ်စင်ပါဆိုသလို ကျွန်တော်တို့ သတင်းစာဆရာများအတွက်လည်း အကာအကွယ်ပေးပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါဗျာ။


maungwuntha@gmail.com
ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။


ကင်တားနားရှေ့ ဒုက္ခသည်တချို့ ဆန္ဒပြ


T
quintana met media in rakhine state

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေး ကင်တားနား နဲ့ အဖွဲ့ ဟာ ဒီကနေ့ နေ့ခင်းပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ကို ရောက်ရှိ ခဲ့ပြီး မောင်တောမြို့က ဒေသခံ ရခိုင်နဲ့ မြန်မာတိုင်းရင်းသားတွေက မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လေးစားပါ၊ မျှမျှတတ ဆက်ဆံပါ ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မစ္စတာကင်တာနားနဲ့ အဖွဲ့ဟာ ဒီကနေ့ မောင်တောမြို့နဲ့ အနီး အနားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီး နောက်ရက်တွေမှာ စစ်တွေမြို့ဘက်ကို လေ့လာ မှာဖြစ်ပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်းတာနားနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက် ၉နာရီကျော်လောက်က စစ်တွေမြို့ကို ရောက်ရှိပြီး အဲဒီကနေ တဆင့် မောင်တော မြို့ကို ရဟတ်ယာဉ် ၃စီးနဲ့ ဆက်လက်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ နေ့ခင်း ၁နာရီaလာက် က မောင်တော မြို့ကို ရောက်ရှိပြီး ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာကြောင်း မောင်တော မြို့ ဗဟိုဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက ဆရာတော်ဦးအာစရက  မိန့်ကြားပါတယ်။

“၁ နာရီမှာ လေယာဉ်ဆိုက်တယ်၊ လေယာဉ်ဆိုက်ပြီးတော့ ဘုတ်ဆိပ်နားက ဒေ၀ါနဒီ ခန်းမ မှာ နေ့လယ်စာ စားပါတယ်၊ စားပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ၀င်ပါတယ်၊ ပြီးတော့ အ ထ က (၁) ၊ ပြီးတော့ ဈေးစခန်း ရယ်၊ အလိုတော်ပြည့်ကျောင်း ရယ် သူတို့ ၀င်ပါတယ်၊ နောက် ဝေသာလီ ၄မိုင် ကယ်ဆယ်ရေး စခန်းရယ်၊ သွားမယ်။ ပြီးတော့ ဒီနေ့ ညနေမှာ ဘူးသီးတောင် ဆက်သွားမယ် လို့ သိရတယ်။ သူတို့ လာမယ့်စာရင်းထဲမှာ ဦးဇင်းတို့ကျောင်း မပါပါဘူး”

လောလောဆည် မောင်တောမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း ၅ခုနဲ့ အလယ် သံကျော်ရွာမှာ ကယ်ဆယ်ရေးစခန်း ၁ခု၊  စုစုပေါင်း ကယ်ဆယ်ရေးစခန်း ၆ခုရှိပြီး လူဦးရေ ၄၀၀၀နီးပါးလောက် ရှိနေတာဖြစ်ပါတယ်။ မစ္စတာကင်တာနားနဲ့ အဖွဲ့ နေ့စာစားပြီး ထွက်လာချိန်မှာတော့ မောတောမြို့ပေါ် က ဒေသခံ ရခိုင်နဲ့ မြန်မာ တိုင်းရင်းသားတွေက ကုလသမဂ္ဂအလိုမရှိကြောင်း တီရှပ်တွေ ၀တ်ဆင် ပြီး ဆန္ဒပြခဲ့တယ်လို့ မောင်တော မြို့ခံ တယောက်  က ပြောပါတယ်။

“မစ္စတာ ကင်တားနား ရောက်တဲ့အချိန်မှာ ဒီမောင်တောမြို့ပေါ်က ဒေသခံတိုင်းရင်းသားတွေက UN အလိုမရှိ ဆိုတဲ့ အင်္ကျီတွေ ၀တ်ပြီးတော့ သဇင်တည်းခိုခန်းရှေ့မှာ ဆန္ဒ ထုတ်ဖော်ကြ တာ တွေ့ရ ပါတယ်။ လူအင်အား ကတော့ ကြည့်ရသလောက် ဆိုရင် ၁၀၀ ၀န်းကျင်လောက် ရှိမယ် ထင်ပါတယ်။ သူတို့ ကိုင်ထားတာကတော့ နိုင်ငံတော် သမ္မတရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ၊ မြန်မာနိုင်ငံရဲ့ အချုပ် အခြာအာဏာကို လေးစားပါ၊ တိုင်းရင်း သားတွေရဲ့ လူ့အခွင့်အရေးကို လေးစားပါ၊ မျှမျှတတ ဆက်ဆံပါ။ အဲဒါ တောင်းဆိုတာ တွေ့ရပါတယ်”

ဒီလိုတောင်းဆိုတာကတော့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေက ဒေသခံ တိုင်းရင်းသားတွေအပေါ် အလေးမထားဘူးလို့ ဒေသခံတွေက ယူဆတာကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“အဓိက တောင်းဆိုတာကတော့ UNHCR က အရင်တုန်းက ဆိုလို့ရှိရင် မူစလင်တွေကိုပဲ အဓိက ထားပြီးတော့ ပံ့ပိုးနေတယ်၊ ဒေသခံရခိုင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို သိပ်ဂရုမထား တဲ့အတွက် UN ကို သိပ် အလို မရှိတဲ့သဘော တွေ့ရပါတယ်”

ဒီလို ဆန္ဒပြကြတဲ့ သူတွေကိုတော့ ကုလသမဂ္ဂယာဉ်တန်းပေါ်ကနေ ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ယူသွား တာတွေ ရှိကြောင်း။ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ အသံတိတ် ဆန္ဒပြကြပြီး အေးအေး ချမ်းချမ်း ပြီးဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မစ္စတာကင်တာနားနဲ့ အဖွဲ့ဟာ ဒီကနေ့ညနေပိုင်းမှာ ဘူးသီးတောင်မြို့ဘက်ကို လေ့လာပြီး မနက်ဖြန် မှာတော့ စစ်တွေမြို့ကို ဆက်လက်လေ့လာဖွယ်ရှိကြောင်း စစ်တွေမြို့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက တာဝန် ရှိသူတယောက် ခန့်မှန်းပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ ပြည်နယ်အစိုးရရဲ့ တာဝန် ရှိသူ တွေကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့လအတွင်းက ဒေသခံ ရခိုင် တိုင်းရင်းသားတွေ နဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီ အမျိုးသားတွေအကြားမှာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇၇ယောက်သေဆုံးခဲ့ပါတယ်။

ဒီ အဓိကရုဏ်း တွေဟာ  စစ်တွေ၊ မောင်းတောနဲ့ ဘူးသီးတောင်မြို့တွေမှာ အဓိက ဖြစ်ပျက်ခဲ့ပြီး စုစုပေါင်းနေအိမ် ၄၈၀၀ကျော်၊ ဗလီ၁၇လုံး၊ ဘုန်းကြီးကျောင်း ၁၅ကျောင်းနဲ့ စာသင်ကျောင်း ၃ကျောင်း မီးလောင် ပျက်စီးခဲ့ပါ တယ်။ 
သတင်း။ ။VOA
.

ဂျပန် ဒိုင်ဝါ အုပ်စု ဒေါ်လာသန်း ၃၈၀ ရင်းနှီးမြှုပ်နှံမည်


By 7Day News
ဂျပန် ဒိုင်ဝါ အုပ်စု ဒေါ်လာသန်း ၃၈၀ ရင်းနှီးမြှုပ်နှံမည်ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေး အဖွဲ့အစည်း တစ်ခု ဖြစ်သော Daiwa Securities Group သည် မြန်မာ အစိုးရအတွက် သတင်း အချက်အလက်နှင့် နည်းပညာ ဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာသန်း ၃၈၀ ခန့် ရင်းနှီး မြှုပ်နှံသွားရန် ရှိနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ဒိုင်ဝါအုပ်စု ကုမ္ပဏီသည် မြန်မာနှင့် ယခင်ကပင် ချိတ်ဆက်မှုများ ရှိခဲ့ပြီး မြန်မာနိုင်ငံတွင်း၌လည်း စတော့အိတ်ချိန်းတစ်ခု တည်ထောင်ပေးရန်အတွက် နည်းပညာပိုင်း အကူအညီပေးရန် ရွေးချယ်ခံထားရသည်။
ယခု အင်တာနက်ကျောရိုး backbone တစ်ခု တည်ဆောက်မည့် စီမံကိန်းတွင် နာမည်ကျော် ဂျပန် နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်သော Panasonic၊ Toshiba၊ Hitachi၊ NEC နှင့် KDDI တို့ကလည်း နည်းပညာနှင့် ဝန်ဆောင်မှုပိုင်း ပါဝင်ကူညီ ထောက်ပံ့ရန် စိတ်ဝင်စားကြောင်း ဒိုင်ဝါ သုတေသန အင်စတီကျုဒ်၌ ဥက္ကဋ္ဌ တာကာရှီဖူကိုင်းက ပြောသည်။ ရိုက်တာသတင်းနှင့် အင်တာဗျူးတွင် “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီအားလုံး ပါဝင်တဲ့ နည်းလမ်းနဲ့ (ရင်းနှီးမြှုပ်နှံမှု) လုပ်ဆောင်သွားတော့မှာပါ” ဟု ၎င်းက ပြောသည်။ သို့သော် မိတ်ဖက် ကုမ္ပဏီများအဖြစ် ပါဝင်ပူးပေါင်းရန် စိတ်ဝင်စားနေသည်ဟု ဖော်ပြခဲ့သော ကုမ္ပဏီများကမူ ယခုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။ ဒိုင်ဝါ၏ ယခုစီမံကိန်းသည် နိုင်ငံတွင်းရှိ အစိုးရဝန်ကြီးဌာန အားလုံးနှင့် ကျောင်းများ၊ ဆေးရုံများ အားလုံးကို cloud computing နည်းပညာဖြင့် ကွန်ရက် ချိတ်ဆက်နိုင်စေမည် ဖြစ်ပြီး ယင်းကွန်ပျူတာ နည်းပညာမှာ အစဉ်အလာအတိုင်း အသုံးပြုသော ဆာဗာအခြေခံ server-based systems စနစ်များထက် ပိုမိုမြန်ဆန်ကာ စရိတ်သက်သာစေမည် ဖြစ်သည်။
မစ္စတာဖူကိုင်းက “cloud နည်းပညာ အခြေပြု ကွန်ရက်စနစ်ဟာ ကုန်ကျစရိတ် ယန်း ၃၀ ဘီလီယံ ရှိမယ်လို့ မျှော်လင့်ရပြီး ဗဟိုဘဏ်ရဲ့ နေပြည်တော်ဌာနချုပ်၊ ရန်ကုန်ဌာနခွဲနဲ့ မန္တလေးဌာနခွဲတွေမှာ စတင် လုပ်ကိုင်သွားမှာပါ” ဟု ပြောသည်။ ဒိုင်ဝါအုပ်စု၏ ယခု ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့် မေလက မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းတစ်ခု စတင် ဖော်ဆောင်ရန် သဘောတူညီချက် ရအပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် ဒုတိယမြောက် မဟာဗျူဟာ စီမံကိန်းလည်း ဖြစ်သည်။ ယခုအခါ Fujitsu နှင့် NTTData ကုမ္ပဏီများကလည်း ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ရန်ပုံငွေဖြင့် မတည် ဆောင်ရွက်နေသော မြန်မာ့ဘဏ် အချင်းချင်း ချိတ်ဆက်မှု ကွန်ရက်စနစ် intrabank settlement system ကို စတင် လေ့လာနေသည်။ မစ္စတာဖူကိုင်းက မြန်မာ့စတော့အိတ်ချိန်းကို လုပ်ငန်း အပြည့်အဝ လည်ပတ်သော ကုန်သွယ်ရေး ဗဟိုဌာနတစ်ခု အဖြစ်သို့ ရောက်ရှိအောင် ယန်းနှစ်ဘီလီယံခန့် အကုန်အကျခံ ဆောင်ရွက်ရမည်ဟု ဆိုသည်။ အဆိုပါ စတော့အိတ်ချိန်းကို ၂၀၁၅ တွင် လည်ပတ်နိုင်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။
ဒိုင်ဝါသည် စတော့အိတ်ချိန်းတွင် ပါဝင်ရန်အတွက် မြန်မာကုမ္ပဏီ ၂၀ ကျော်ခန့်ကို ချဉ်းကပ်နေပြီး ယင်းတွင် ဓာတ်ငွေ့ကုမ္ပဏီတစ်ခု၊ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုနှင့် စိုက်ပျိုးရေးလုပ်ငန်း တစ်ခုတို့ ပါဝင်သည်။ မစ္စတာဖူကိုင်းက ယင်းအိတ်ချိန်းတွင် ၂၀၂၀ ပြည့်နှစ် အရောက်၌ ကုမ္ပဏီပေါင်း ၁၈၀ မှ ၃၀၀ ခန့် ပါဝင်လာမည်ဟု ခန့်မှန်းထားပြီး ထိုကာလတွင် စီမံကိန်းမှ အကြမ်းဖျင်း အမြတ်ငွေ ယန်းတစ်ဘီလီယံခန့် ပြန်ရမည်ဟု ဆိုသည်။ ဒိုင်ဝါအုပ်စုသည် လာမည့် အောက်တိုဘာလမှ စ၍ မြန်မာနိုင်ငံရှိ ဆော့ဖ်ဝဲကုမ္ပဏီ ACE Data Systems နှင့် ပူးပေါင်းကာ ဖက်စပ် ကုမ္ပဏီတစ်ခု တည်ထောင်ရန်လည်း စီစဉ်ထားသည်။ ACE ကုမ္ပဏီမှာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးသိန်းဦး တည်ထောင်ထားခြင်း ဖြစ်ပြီး ၎င်း၏ ဆက်သွယ်ပေးမှုများကြောင့် ဒိုင်ဝါအုပ်စုသည် မြန်မာနိုင်ငံတွင်း လုပ်ငန်းများ လာရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref:Reuters
.

ရန်ကုန်လျှပ်စစ် ၂ဝ၁၄ တွင် တိုးရမည်


By Popular News
ရန်ကုန်လျှပ်စစ် ၂ဝ၁၄ တွင် တိုးရမည်ရန်ကုန်၌ အသစ်တည် ဆောက်မည့် သဘာဝဓာတ်ငွေ့ သုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံ တစ်ရုံမှ ၂ဝ၁၄ ခုနှစ်တွင် လျှပ် စစ်ဓာတ်အား မဂ္ဂါဝပ် ၃ဝဝ နီး ပါးခန့် စတင်ထုတ်ယူ သုံးစွဲနိုင်မည်ဟု အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သိရသည်။ ''ဒီစက်ရုံနှစ်ရုံက ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှာ အပြီးတည်ဆောက်မှာ။ ကနဦးထွက် ရှိကြမယ့် စက်ရုံ နှစ်ရုံရဲ့ မဂ္ဂါဝပ်က ၂၈၈ မဂ္ဂါဝပ်ဖြစ်ပါတယ်''ဟု ၄င်းဝန်ကြီး ဌာနမှ တာ ဝန်ရှိသူက ပြောသည်။
တောင်ကိုရီးယားနိုင်ငံ BKB ကုမ္ပဏီမှ B.O.T စနစ်ဖြင့် သာကေတတွင် လာရောက်တည်ဆောက် မည့် မဂ္ဂါဝပ် ၅ဝဝ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့လျှပ်စစ် ဓာတ် အားပေးစက်ရုံအတွက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးဖြစ် ကာ မကြာမီစတင်နိုင်ရေးအတွက် သဘောတူ စာချုပ်ချုပ်ဆိုသွားရန် ရှိသည်ဟု ၄င်းက ဆက်လက်ပြောသည်။ ထို့အတူ လှော်ကား၌ တရုတ်ဟိုက်ဒရိုလန်ချန်းကုမ္ပဏီနှင့် မြန်မာ နိုင်ငံမှ ထူးကုမ္ပဏီတို့၏ သဘာဝဓာတ်ငွေ့လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ထောင်ရန် ဖြစ်နိုင်ခြေရှိ မှုများ လေ့လာဆန်းစစ်လျက် ရှိသည်။ တည်ဆောက်မှုပြီးပါက မဂ္ဂါဝပ် ၅ဝဝ ထွက်ရှိမည်ဟု အမှတ် (၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သိရသည်။ အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန တာဝန်ရှိသူက ''သာကေ တ ၁၆၆ မဂ္ဂါဝပ်နဲ့ လှော်ကားက ၁၂၃ မဂ္ဂါဝပ်က ၂ဝ၁၄ မှာစထွက်မှာ။ စက်ရုံအားလုံး လုံးဝပြီးစီးသွားရင်တော့ နှစ်ခုပေါင်းမဂ္ဂါဝပ် ၁ဝဝဝ ရမယ်''ဟု ပြောသည်။
စက်ရုံ နှစ်ရုံလုံးမှ ထွက်ရှိလာ မည့် ဓာတ်အားများကို ပင်မဓာတ်အားလိုင်း ကြီးဆီကိုသာ ပို့လွှတ်မည် ဖြစ်ပြီး သုံးစွဲသူတို့က ထိုက်သင့်သော အခကြေးငွေပေး၍ ဝယ်ယူ သုံးစွဲရမည်ဟု ၄င်းက ဆက်လက် ပြောသည်။ ရန်ကုန်မြို့၏ လျှပ်စစ်လိုအပ် ချက်နှင့် ဖော်ဆောင်သွားမည့် သီလဝါစက်မှု ဇုန်အတွက် ယခုတည် ဆောက်မည့် စက်ရုံနှစ်ရုံမှ ဖြည့်ဆည်းပေးသွား မည်ဖြစ်ပြီး လိုအပ် သော သဘာဝဓာတ်ငွေ့ ရရှိရန် စွမ်းအင်ဝန်ကြီးဌာနနှင့် သဘောတူ ညီထားပြီး ဖြစ်သည်ဟု ၄င်းက ထပ်မံပြောသည်။
မင်းသုအောင်
.

No comments:

Post a Comment