02 August 2012 သတင်းများ
ကော့မှုးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏တက္ကသိုလ်ပညာရေး ဥပဒေကြမ်းဆွေးနွေးချက် အပြည့်အစုံ
တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း အဆိုတင်ခြင်း
လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရှင်
ကျွန်မက ရန်ကုန်တိုင်းဒေသကြီး ကော့မှုးမြို့နယ်က လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ကျွန်မ အင်မတန်မှ စိတ်ဝင်စားခဲ့တာကြေင့် မို့လို့ အစကတည်းက တင်သွင်းခဲ့ပါတယ်။ ပုဒ်မ ၅၈ (င) ကတော့ ဥပဒေကြမ်းတစ်ခုကို မည်သည့်အဆင့်မှာ ရောက်နေစေကာမူ ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီချက်နဲ့ ဥပဒေကြမ်းကို ဆွေးနွေးအဆို တင်သွင်းခွင့်ကို ရွှေ့ဆိုင်းပေးဖို့ရန် လျှောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အခါတုန်းက ဒီဥပဒေကို တင်သွင်းခဲ့တာလည်း ကြာပြီ ဖြစ်တာကြောင့် မို့လို့ ဆွေးနွေးချင်ရင် ပြင်ဆင်ချက် ဇယားအရပဲ ဆွေးနွေးပါလို့ အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီပြင်ဆင်ချက် ဇယားအရပဲ တတ်နိုင်သလောက် ပြင်ဆင်ချင်တဲ့ အပိုင်းတွေကို ပြင်ဆင်ပြီး ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒါဟာ မလုံလောက်ပါဘူး။ ကျွန်မတို့ အနေနဲ့ တက္ကသိုလ် ပညာရေးနဲ့ ပတ်သက်ပြီး အများကြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ချင်ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော် ရုံးကနေပြီးတော့ ဒါဟာ ဆွေးနွေးဖို့ နောက်ကျသွားပြီလို့ ပြောတဲ့အကြောင့်မို့လို့ ကျွန်မ ဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီလို ပြင်ဆင်ချက် ဇယားအနေနဲ့ တင်သွင်းခဲ့ရပါတယ်။ ဒါပေမယ့် ရှေ့က လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ပြောခဲ့သလိုပဲ ဒီဥပဒေ တစ်ခုလုံးကို ကျွန်မတို့ ပြန်လည် သုံးသပ်ပြီးတော့ ဆွေးနွေးသင့် တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့လို့ လွှတ်တော် ဥက္ကဋ္ဌ ကြီးနှင့် တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေ အရ ဒီဥပဒေကြမ်းတစ်ခုလုံးကို ပြန်လည်ဆွေးနွေးပြီးတော့ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့ သင့်တော်မယ့် ဥပဒေကြမ်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ပေးကြပါ လို့ မေတ္တာရပ်ခံ ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှု ပြီးဆုံးချိန်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြအေး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တို့က ထပ်မံ ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဆွေးနွေးခဲ့ရာ
"တက္ကသိုလ်များရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိဖို့အတွက်
ပညာရေးဝန်ကြီးဌာနရဲ့ သြဇာအာဏာ လျှော့ချရေးအတွက်ပြောလိုတယ်လို့
နားလည်ပါတယ်။ ဘယ်လိုပဲ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ဆက်သွယ်သည်ဖြစ်စေ
ပညာရေးဝန်ကြီးဌာနကနေပြီး အုပ်စီးထားမယ်ဆိုလို့ရှိရင် ခေတ်နဲ့ ဆီလျော်တဲ့ လွတ်လပ်တဲ့ တက္ကသိုလ်တွေ မပေါ်လာနိုင်ဘူးဆိုတာ ထင်မြင်ကြောင်း ကျွန်မလေးစားစွာ တင်ပြအပ်ပါတယ်။ "
လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရှင်
ကျွန်မက ရန်ကုန်တိုင်းဒေသကြီး ကော့မှုးမြို့နယ်က လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ကျွန်မ အင်မတန်မှ စိတ်ဝင်စားခဲ့တာကြေင့် မို့လို့ အစကတည်းက တင်သွင်းခဲ့ပါတယ်။ ပုဒ်မ ၅၈ (င) ကတော့ ဥပဒေကြမ်းတစ်ခုကို မည်သည့်အဆင့်မှာ ရောက်နေစေကာမူ ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီချက်နဲ့ ဥပဒေကြမ်းကို ဆွေးနွေးအဆို တင်သွင်းခွင့်ကို ရွှေ့ဆိုင်းပေးဖို့ရန် လျှောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အခါတုန်းက ဒီဥပဒေကို တင်သွင်းခဲ့တာလည်း ကြာပြီ ဖြစ်တာကြောင့် မို့လို့ ဆွေးနွေးချင်ရင် ပြင်ဆင်ချက် ဇယားအရပဲ ဆွေးနွေးပါလို့ အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီပြင်ဆင်ချက် ဇယားအရပဲ တတ်နိုင်သလောက် ပြင်ဆင်ချင်တဲ့ အပိုင်းတွေကို ပြင်ဆင်ပြီး ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒါဟာ မလုံလောက်ပါဘူး။ ကျွန်မတို့ အနေနဲ့ တက္ကသိုလ် ပညာရေးနဲ့ ပတ်သက်ပြီး အများကြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ချင်ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော် ရုံးကနေပြီးတော့ ဒါဟာ ဆွေးနွေးဖို့ နောက်ကျသွားပြီလို့ ပြောတဲ့အကြောင့်မို့လို့ ကျွန်မ ဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီလို ပြင်ဆင်ချက် ဇယားအနေနဲ့ တင်သွင်းခဲ့ရပါတယ်။ ဒါပေမယ့် ရှေ့က လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ပြောခဲ့သလိုပဲ ဒီဥပဒေ တစ်ခုလုံးကို ကျွန်မတို့ ပြန်လည် သုံးသပ်ပြီးတော့ ဆွေးနွေးသင့် တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့လို့ လွှတ်တော် ဥက္ကဋ္ဌ ကြီးနှင့် တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေ အရ ဒီဥပဒေကြမ်းတစ်ခုလုံးကို ပြန်လည်ဆွေးနွေးပြီးတော့ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့ သင့်တော်မယ့် ဥပဒေကြမ်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ပေးကြပါ လို့ မေတ္တာရပ်ခံ ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှု ပြီးဆုံးချိန်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြအေး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တို့က ထပ်မံ ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဆွေးနွေးခဲ့ရာ
"တက္ကသိုလ်များရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိဖို့အတွက်
သတင်း... The Voice
သတင်းမီဒီယာများအပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်မှုများပြုလုပ်ခြင်းများနှင့် ပတ်သတ်၍ သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)က ထုတ်ပြန်ကြေညာချက် (၇) ချက် ထုတ်ပြန်
သတင်းမီဒီယာများအပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်ခြင်းများ
ပြုလုပ်ခြင်းများနှင့်ပတ်သက်၍ သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)က
ထုတ်ပြန်ကြေညာချက် ၇ ချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။
သြဂုတ်လ ၁ ရက်နေ့ နေ့လည် ၃ နာရီအချိန်က ရန်ကုန်မြို့ရှိ
တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြည်တွင်းဂျာနယ်နှစ်စောင် ထုတ်ဝေခွင့်
ယာယီရပ်နားခံရခြင်း ကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာသမားများ၏ အရေးပေါ်အစည်း
အဝေး ခေါ်ယူခဲ့ပြီး အဆိုပါသတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကို
ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကို အဖွဲ့ဝင် ၂၃ဦးဖြင့်
ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီအောက်တွင် ကော်မတီခွဲ သုံးခုထားရှိကာ
လုပ်ငန်းဖြစ်မြောက်ရေးကော်မတီတွင် ကိုသာလွန်ဇောင်းထက်(ဗီးနပ်ဂျာနယ်
တာဝန်ခံအယ်ဒီတာ)၊ကိုသူရအောင် (Messenger ဂျာနယ် တာဝန်ခံအယ်ဒီတာ)၊
ကိုဝေဖြိုး (Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်)၊ကိုနိုင်မင်းဝေ(The Voice
Weekly ဂျာနယ် သတင်းထောက်ချုပ်)၊ မနန်းလွင်၊ မညိုမီသင်း
၊ဦးကျော်မြင့်တို့ဖြင့် လည်းကောင်း သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)
ပြန်ကြားရေးကော်မတီတွင် ကိုသက်ဇင်၊ ကိုဇော်သက်ထွေး(မြန်မာစာနယ်ဇင်းသမဂ္ဂ) ၊
ကိုကျော်ဆန်းမင်းတို့ဖြင့် လည်းကောင်း ဆန္ဒထုတ်ဖော်ရေးနှင့်
စည်းရုံးရေးကော်မတီတွင် ကျန် ကော်မတီဝင်အားလုံးဖြင့်လည်းကောင်း အသီးသီး
ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။
ယင်းသတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ချက်၇ချက်မှာ -
(၁) ပိတ်ပင်ခံထားရသော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်တို့ကို ချက်ချင်း ထုတ်ဝေခွင့်ပေးရန်
(၂) ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်
(၃) ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်
(၄) သတင်းမီဒီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်း မပြုရန်
(၅) ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုများကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်
(၆) မီဒီယာသမားများ သဘောဆန္ဒမပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။
(၇) လက်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက်
မီဒီယာများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံး
တွေ့ဆုံဖြေရှင်းပေးရန် ဟူသည့်အချက်များဖြစ်ပါသည်။
သတင်း.... Eleven Media Group.
31 July 2012
့မြန်မာ့ စီးပွားရေးဘဏ်တွင်းရှိလက်ထောက်မန်နေဂျာများ ၏ ရင်ဖွင့်သံ
ကျွန်တော်တို့ မြန်မာ့ စီးပွားရေးဘဏ်တွင်လက်ထောက်မန်နေဂျာ(မြို
့နယ်မန်နေဂျာ)ရာထူးမှမန်နေဂျာ (ခ ရိုင် မန်နေဂျာ)ရာထူးသို့ 
ရာထူးတိုးစာမေးပွဲကို ၂၁.၇ .၂၀၁၂ စနေနေ့  နှင့် ၂၂.၇.၂၀၁၂ တနင်္ဂနွေ
နေ့များတွင်ကျင်းပခဲ့ပါသည်။
မြန်မာတပြည်လုံးရှိ မြိုနယ်အဆင့်မန်နေဂျာ ၂၇၀ ဦးခန့် ဖြေဆိုခဲ့ ပါသည်။
သိုသော်......
စာမေးပွဲမဖြေခင်တပတ်ခန့် အလို ရုံးချုပ်မှကြားသိရသောသတင်းများတွင် လစ်လပ်နေရာ၁၂နေရာရှိရာ ယင်းနေရာအားလုံးကို MD,နှင့် GM တို့ နှင့်နီးစပ်သူများကိုပေးရန်ရာထားပြီးဟု သိရပြီးယင်းလူ ၁၂ယောက် စာရင်းလည်းထွက်ရှိ လာပါသည်။
စာမေးပွဲ ဖြေဆိုသောနေ့ တွင် မေးခွန်းအဖြေ ကွတ်တိ (၁၀ပုဒ်မေး ၁၀ပုဒ်ဖြေ၊၁၅ပုဒ်မေး၁၅ပုဒ်ဖြေ)
အမှတ်စဉ်အလိုက်မေးခွန်းနှင့်အဖြေရသော လူကြီးနှင့် နီးစပ်သူများကို သက်ဆိုင်ရာစာမေးကြီးကြပ်သူ DGM,GM တိုမှတွေ ရှိကြောင်း ကြားသိရပါသည်။
ထိုကြောင့်ကျွန်တော်တို့  စီနီယာ သမားများ ဘဏ်လုပ်ငန်းကို စနစ်တကျလေ့ လာပြီး မှန်မှန်ကန်ကန်
ရိုးရိုးသားသားနှင့်ကြိုးစားသူများ ဘဏ်ခွဲများတွင် နံနက်မှည အထိ အလုပ်လုပ်နေရသူများ မိမိလုပ်ငန်းအပေါ်စေတနာထားဆောင်ရွက်နေသူများအနေနှင့်စိတ်ပျက်အားငယ်ပြီး ၀မ်းနည်းဒေါသထွက်ရပါသည်။
လူကြီးနှင့် နီစပ်သူများ အမှန်တကယ် အရည်အချင်းရှိသောကြောင့် ပေးအပ်သည်ဆိုပါက မုဒိတာပွားနိုင်ပါ
သည်။ သိုသော် သူတို့ မှာ ဘဏ်လုပ်ငန်းကိုသေသေချာချာနားမလည်သူများ ဘဏ်ခွဲဆင်းပြီး လုပ်ကိုင် ဖူးခြင်းမရှိသူများပြစ်ချက်ရှိသူများပါဝင်နေသည်ကိုတွေ့ ရပါသည် ၊ထိုအခါ လုပ်ငန်းခွင်တွင် စေတနာ ထားပြီး အပင်းပန်းခံ အလုပ်လုပ်နေသောဝန်ထမ်းများ စိတ်ဓါတ်ရေးရာပျက်ပြားရပါသည်။
ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စေတနာထားလုပ်ကိုင်မှုအပေါ် အားလျှော့ စိတ်ပျက်လာပါသဖြင့်
ဌာန နှင့် တိုင်းပြည်အတွတ်နစ်နာရပါသည် ။
ဒီမိုကရေစီနိုင်ငံသစ်ဆီသို့  ချီတတ်နေချိန်တွင်ခေတ်ဟောင်းမှ အမူအကျင့်များလက်သင့် ရာစာတော်ခေါ် ရာထူးပေးသည့် မကောင်းသောအမူအကျင့် ဓလေ့ စရိုက် များကို ခေတ်ဟောင်းနှင့် အတူ ချန်ထားခဲ့ ရန်လိုပါသည်။
သိုမှသာ ၀န်ထမ်းများဧ။် ကြိုးစားအားထုတ်မှုကို မြှင်တင်နိုင်ပြီးဌာန နှင့် တိုင်းပြည်အတွတ်အကြိုးဖြစ်ထွန်းပါမည်။အရည်ချင်းမရှိပဲ
လူကြီးနားကပ်ပြီး ဖားတတ်သော သူများအား လက်သင့်ရာ ရာထူးပေးပါက
ငဖားများကြီးစိုးရာ ညံ့ဖျင်းသောဌာန ပျက်ကြီးအဖြစ်သို့  ဦးတည်ပြီး
တိုင်းပြည်နစ်နာပါသည်။
ထိုကြောင့် ကျွန်တော်တို့  မြန်မာ့ စီးပွားရေးဘဏ် မန်နေဂျာ(ခရိုင်) ရာထူးတိုး စာမေးပွဲ ကို နိုင်ငံတော်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာန မှ စနစ်တကျ ညွှန်ကြားတည့် မတ်ပြီးမှန်မှန်ကန်ကန် ရွေးချယ်ပေးနိုင်ရန် မီဒီယာများမှတဆင့် ပြောကြားနိုင်ရန် တင်ပြပါသည်။
MEB ၀န်ထမ်းများ
မြန်မာတပြည်လုံးရှိ မြိုနယ်အဆင့်မန်နေဂျာ ၂၇၀ ဦးခန့် ဖြေဆိုခဲ့ ပါသည်။
သိုသော်......
စာမေးပွဲမဖြေခင်တပတ်ခန့် အလို ရုံးချုပ်မှကြားသိရသောသတင်းများ
စာမေးပွဲ ဖြေဆိုသောနေ့ တွင် မေးခွန်းအဖြေ ကွတ်တိ (၁၀ပုဒ်မေး ၁၀ပုဒ်ဖြေ၊၁၅ပုဒ်မေး၁၅ပုဒ်ဖြေ)
အမှတ်စဉ်အလိုက်မေးခွန်းနှင့်အြေ
ထိုကြောင့်ကျွန်တော်တို့  စီနီယာ သမားများ ဘဏ်လုပ်ငန်းကို စနစ်တကျလေ့ လာပြီး မှန်မှန်ကန်ကန်
ရိုးရိုးသားသားနှင့်ကြိုးစားသူမ
လူကြီးနှင့် နီစပ်သူများ အမှန်တကယ် အရည်အချင်းရှိသောကြောင့် ပေးအပ်သည်ဆိုပါက မုဒိတာပွားနိုင်ပါ
သည်။ သိုသော် သူတို့ မှာ ဘဏ်လုပ်ငန်းကိုသေသေချာချာနားမလည
ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စေတနာထားလုပ်ကိုင်မှုအပေါ် အားလျှော့ စိတ်ပျက်လာပါသဖြင့်
ဌာန နှင့် တိုင်းပြည်အတွတ်နစ်နာရပါသည် ။
ဒီမိုကရေစီနိုင်ငံသစ်ဆီသို့  ချီတတ်နေချိန်တွင်ခေတ်ဟောင်းမှ အမူအကျင့်များလက်သင့် ရာစာတော်ခေါ် ရာထူးပေးသည့် မကောင်းသောအမူအကျင့် ဓလေ့ စရိုက် များကို ခေတ်ဟောင်းနှင့် အတူ ချန်ထားခဲ့ ရန်လိုပါသည်။
သိုမှသာ ၀န်ထမ်းများဧ။် ကြိုးစားအားထုတ်မှုကို မြှင်တင်နိုင်ပြီးဌာန နှင့် တိုင်းပြည်အတွတ်အကြိုးဖြစ်ထွန်း
ထိုကြောင့် ကျွန်တော်တို့  မြန်မာ့ စီးပွားရေးဘဏ် မန်နေဂျာ(ခရိုင်) ရာထူးတိုး စာမေးပွဲ ကို နိုင်ငံတော်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာန မှ စနစ်တကျ ညွှန်ကြားတည့် မတ်ပြီးမှန်မှန်ကန်ကန် ရွေးချယ်ပေးနိုင်ရန် မီဒီယာများမှတဆင့် ပြောကြားနိုင်ရန် တင်ပြပါသည်။
MEB ၀န်ထမ်းများ
The Voice Weekly အပါဝင် အပတ်စဉ်ထုတ် ဂျာနယ် သုံးစောင် ယာယီရပ်နားခံရ
ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက သတ်မှတ်ထားသော
စည်းကမ်းချက်များ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် The Voice Weekly
အပါအဝင် အပတ်စဉ်ထုတ် ဂျာနယ် သုံးစောင်ကို လာမည့် အပတ်မှစ၍
ထုတ်ဝေခွင့်ယာယီရပ်နားလိုက်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ခေါ်ယူအကြောင်းကြားခြင်းခံရသူ အရပ်နားခံ စာစောင်တစ်ခုမှ အမှုဆောင် အယ်ဒီတာတစ်ဦးက ပြောကြားသည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနထံ ခေါ်ယူထားသော ဂျာနယ်အချို့မှ
တာဝန်ရှိသူအချို့ကို မြင်တွေ့ခဲ့ရသော အဆိုပါ အယ်ဒီတာ၏ အဆိုအရ
ဗီးနပ်စ်ဂျာနယ်၊ နှင့် မြန်မာပို့စ်တို့လည်း ပါဝင်ဖွယ်ရှိကြောင်း သိရသည်။
သို့သော် အဆိုပါစာစောင်များထံ ဆက်သွယ်မေးမြန်းရာတွင် လောလောဆယ်
အတည်ပြုဖြေကြားမည့်သူ မရှိသေးပေ။
The Voice Weekly သည် ယခုအကြိမ်နှင့် ဆိုပါက စုစုပေါင်း ငါးကြိမ်မြောက် ထုတ်ဝေခွင့် ရပ်နားခံရခြင်းဖြစ်သည်။
ထပ်မံစုံစမ်းသိရှိရပါက ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။
ထပ်မံသိရှိရသောသတင်း..................
ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် The Voice Weekly နှင့် Envoy သတင်းစာစောင်များ လာမည့်အပတ်မှစ၍ ထုတ်ဝေခွင့်ယာယီရပ်နားလိုက်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ခေါ်ယူအကြောင်းကြားခြင်းခံရသူ အရပ်နားခံ စာစောင်တစ်ခုမှ အမှုဆောင် အယ်ဒီတာတစ်ဦးက ပြောကြားသည်။
နောက်ဆုံးထွက် The Voice Weekly မျက်နှာဖုံး....

ကျိုင်းတုံမြို့မှာ အိမ်ခြေ တစ်ထောင်ကျော် ရေနှစ်မြုပ်
ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံမြို့မှာ မိုးအဆက်မပြတ်
ရွာသွန်းမှုကြောင့် မြို့အနီးက ချောင်းရေ မြင့်တက်လာပြီး မြို့ထဲက ရပ်ကွက်
နှစ်ခု အပါအ၀င် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်ခြေ တစ်ထောင်ကျော်
ရေနှစ်မြုပ်နေသလို အစားအသောက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ကျိုင်းတုံမြို့က ရပ်ကွက် ၄ ၊ ရပ်ကွက် ၅ အပါအ၀င် မြို့သစ်၊ ကန်နာ စတဲ့ရွာတွေမှာ ရေလွမ်းမိုးခံနေရတာ ဖြစ်တယ် လို့ ရေဘေးကူညီမှုတွေ ဆောင်ရွက်နေတဲ့ NLD ကျိုင်းတုံမြို့နယ်စည်းအဖွဲ
"မိုးရွာတော့ ၁၀ ရက်နီးပါးလောက် ရှိတာပေါ့လေ၊ ကျိုင်းတုံမှာဆိုရင်တော့ရေက တော်တော်လွှမ်းပါတယ်၊ ကျိုင်းတုံအထွက်မှာ လေယာဉ်ကွင်း အထွက်ပေါ့လေ၊ အခုအခြေအနေကတော့ ရေတော့ လွှမ်းနေတုန်းပဲ။ ဒီနေ့ ရပ်ကွက် ဥက္ကဋ္ဌ ကျနော် မေးကြည့်တာတော့ တစ်ထောင်ကျော်လောက် ရှိမယ်တဲ့။ သေတာဘာညာထိတော့ သတင်းမကြားဘူး၊ တချို့အိမ်တွေက အုတ်စိမ်းနဲ့လုပ်ထားတော့ ရေထဲမှာ စိမ်နေတော့ အောက်ကနေပြိုကျ တာတို့ ဘာတို့ သုံးလေးအိမ်တော့ ရှိတယ်လို့ သတင်းကြားတယ်၊ လူအထိအခိုက်တော့ မတွေ့ဘူး။"
ရေကြီးမှုကြောင့် ရေနှစ်မြုပ်ခံခဲ့ရသူတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ခဲ့သူတွေ ရှိခဲ့ပေမယ့် အများစုကတော့ ရုတ်တရက် ရေကြီးခဲ့လို့ ဖြစ်ပြီး ဘယ်မှ မသွားမလာနိုင်ဘဲ ရေနှစ်မြုပ်နေတဲ့ သူတို့ရဲ့နေအိမ်တွေမှာပဲနေထိုင်နေကြရဆဲ လို့ သိရပါတယ်။
ရေဘေးဒုက္ခသည်တွေကိုတော့ အာဏာပိုင်တွေက ဒုက္ခသည် စခန်း ၂ ခုဖွင့်ပြီး မြို့နယ် ကြက်ခြေနီအဖွဲ့ဝင်၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေ
"ကျနော်တို့က သတင်းကြားတာနဲ့ ၅ ရက်ဆက်တိုက် မိုးရွာတော့ အဖွဲ့ဝင် ၁၀ ဦးပေါ့ဗျာ။ တတ်နိုင်တဲ့ဖက်က ခေါက်ဆွဲခြောက်တွေ ရေသန့်တွေ သွားဝေကြပါတယ်၊ ဒီနေ့လည်း ကျနော်တို့ တခြားအပိုင်းလေးတွေလည်း သွားဝေပါတယ်။ အဖွဲ့ဝင်ထဲက ကျနော်တို့ တတ်နိုင်တဲ့ဟာ ခေါက်ဆွဲခြောက်
ဘာညာလေးတွေပေါ့။ ဒီဝမ်ကန်နာဖက်တို့ နောက် ဒီ မြို့သစ်ဖက်တို့ပေါ့၊ မနေ့က ကျနော်တို့ လက်လှမ်းမမှီသေးတဲ့ နေရာလေးတွေပေါ့ သွားကြပါတယ်။ အကူအညီကတော့ လိုနေပါအုံးမယ် ရေမကျမချင်းပေါ့ဗျာ။"
ကျိုင်းတုံမြို့နယ်အတွင်းမှ
သတင်း... RFA
"မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်"
မြစ်ဆုံရေအား
လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက်
ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
CPI
ကုမ္ပဏီအနေဖြင့်မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း
ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအာမြန်မာနိုင်ငံရှိ
ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း
တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ်
အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း
ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက်
လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ
စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။
''ကျွန်တော်တို့
အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကိုမြစ်ဆုံစီမံ ကိန်း အကြောင်း လာရောက်လေ့
လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန်
ကြားရေးမှူး ဦးဥာဏ်ဝင်းက တစ်ဆင့် ဒေါ်စုက ဒီနှစ်အတွင်းမှာ
ပြည်ပခရီးစဉ်တွေနဲ့ လွှတ်တော် အစီအစဉ်တွေရှိတဲ့အတွက် မလာ နိုင်ဘူးလို့
ပြောတယ်'' ဟု ၄င်းက ဆိုသည်။
CPI ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ
ကော့ကိမ်းလျှောင်က ၄င်းတို့ အနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင်
ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း၏ အကျိုး ရလဒ်များနှင့်
ပတ်သက်၍ မြန်မာ ပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊
ထိုသို့ ကြိုးပမ်းရာတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင်
ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဆုံ စီမံကိန်းသို့ ဖိတ်ကြား၍ စီမံကိန်း၏
အကျိုးတရားများအား ရှင်းပြရန်အတွက်လည်း ပါဝင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်
အနေဖြင့် ထိုစီမံကိန်း၏ အကျိုးကျေးဇူး များအား သိရှိပါကပြည်သူများအား
နားလည် သဘောပေါက်အောင်ပြန်လည်ပြောကြားနိုင်မည်ဟု ယူဆသည့်အတွက်ဖြစ်ကြောင်း
ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း
ရေအား လျှပ်စစ်စီမံကိန်း ၇ ခု အား ၂ဝဝ၆ ခုနှစ်တွင် တိုင်းတာ စစ်ဆေးမှုများ
ပြုလုပ် ၍ ၂ဝ၁ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ် မေလ ၁၉
ရက်တွင် ပြည်သူများ၏ တောင်းဆိုချက် အရ မြစ်ဆုံစီမံကိန်းအား နိုင်ငံတော်
သမ္မတ၏ အမိန့်ဖြင့် ရပ်ဆိုင်းလိုက် ရခြင်း ဖြစ်သည်။
သတင်း.......... Popular Myanmar News Journal
30 July 2012
ဦးအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ်အချို့တောင်းဆိုရန်စီစဉ်နေဟု သတင်းထွက်ပေါ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်းသည်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ NLD ပါတီ အပြင်ပြည်သူများလက်ခံနိုင်ရန် ခက်ခဲသောစကားအသုံးအနှုန်းများ အား အင်တာဗျူး တစ်ခုတွင်ပြောကြားခဲ့ခြင်းကြောင့် ယင်းသို့တောင်းဆိုခြင်းဖြစ်နိုင်ြှေုကာင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုကြံ့ခို်င်ရေးပါတီမှ ပါတီဝင်များကလည်း ဦးအောင်သိန်းလင်းအား အရေးယူပေးရန် စာဖြင့် ဦးဌေးဦး(အထွေထွေအတွင်းရေးမူး)ထံသို့ပေးပို့ထားကြောင်းသိရသည်။
မကြာသေးမီရက်ပိုင်းကလည်းဦး
လာမည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားသို့ သွားရောက်မည်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်
ဂျပန်နိုင်ငံသို့ လာမည့်နှစ်တွင်အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း
အေပီသတင်းတစ်ရပ်က ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ချစ်ကြည်ရေးသံတမန် မစ္စတာ ယိုဟေး ဆာဆာကာဝါ နှင့်
နေပြည်တော်၍တွေ့ဆုံစဉ် သူမ၏ခရီးစဉ် အားပြောကြားသွားခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၏ ရာသီဥတုသာယာလှပချိန်
ချယ်ရီပန်းများပွင့်သည့် မတ်လကုန်ခန့်တွင် သွားရောက်လည်ပတ်ရန်
ရည်ရွယ်ထားသည်ဟု သူမကပြောကြားကြောင်း ဆာဆာကာဝါ အဖွဲ့မှ
အဖွဲ့ဝင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက ဂျပန်နိုင်ငံခြားရေးဝန်ကြီးမြန်မာနိုင်ငံသို့
လာရောက်စဉ်ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန်
ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
သတင်း.... 7Day News Journal
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှုးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှုးမြို့နယ် မဲဆန္ဒနယ်မြေပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ရဟန်းအမအဖြစ်
ကုသိုလ်ဒါနပြုတဲ့ ရဟန်းခံပွဲကို မနေ့က ပုဂံမြို့ မှာ ကျင်းပခဲ့ပါတယ်။
ရဟန်းခံပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား NLD မဟာအောင်မြေ မဲဆန္ဒနယ်မြေ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် တက်ရောက်ခဲ့ပါတယ်။
တန့်ကြည့်တောင်ဆရာတော် က ဧည့်သံဃာ (၄၅)
ပါးနဲ့အတူ ဥပဇယ် ဆရာတော် အဖြစ် ရဟန်းခံပွဲကို
တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
ရဟန်းခံပွဲဖြစ်မြောက်ရေးအတွက် ဒေသခံ NLD အဖွဲ့ဝင်တွေနဲ့အတူ မန္တလေးတိုင်းက အလုပ် အမှုဆောင် အဖွဲ့ဝင်တွေလည်း ပါဝင် ကူညီခဲ့ကြတယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။
ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည် တို့ကို အမှုးထားပြီး ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမ အဖြစ် တာဝန်ယူကျင်းပတဲ့ ရဟန်းခံပွဲကို ဧည့်ပရိတ်သတ် ထောင်နဲ့ချီ တက်ရောက်ခဲ့ ကြပါတယ်။

နှစ်သီးစား သုံးသီးစား စစ်တပ်အရာရှိများ
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ စစ်တပ်က ရာစုနှစ်ဝက်လောက်
အုပ်ချုပ် စိုးမိုးခဲ့တာမို့ ဒီမိုကရေစီခေတ်ကို ပြောင်းနေပါတယ်ဆိုတဲ့
ဒီနေ့ခေတ် ဒီနေ့အချိန်ထိကို စစ်တပ်ကနေ အရပ်ဘက် အုပ်ချုပ်ရေး ဘက်ကို
ပြောင်းလဲလာသူတွေ ဆက်လက် ရှိနေသေးသလို တိုးမြှင့်ထားတဲ့
ပင်စင်ခံစားခွင့်တွေကို နှစ်မျိုးနှစ်ထွေ ရယူခံစားနေကြတာဟာ တိုင်းပြည်
ဘတ်ဂျက်လိုအပ်မှုကို ပိုပြီး ကြီးမားစေတဲ့အတွက် မလိုအပ်ဘဲ တိုင်းပြည်ဘဏ္ဍာတွေ
ဆုံးရှုံးနေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ အခုရက်ပိုင်းမှာ ရှိလာခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ မိတ္ထိလာအမတ် ဦးဝင်းထိန်ကတော့ ဒီလို တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံးတာအပြင် ထိပ်ပိုင်း လူကြီး တဦးတည်းက ပင်စင် နှစ်မျိုး သုံးမျိုး ခွယူထားပြီး၊ အောက်ပိုင်းက လူတွေကျတော့ ပင်စင်အရ နည်းတာကြောင့် မမျှတမှုတွေ ဖြစ်နေတာတွေ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။
NLD ပါတီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ပြည်ထောင်စုအဆင့် ဝန်ကြီးတွေရဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို လူသိ ရှင်ကြား ထုတ်ဖော် ကြေညာဖို့ အကြောင်း လွှတ်တော်တွင်း ဆွေးနွေးခဲ့ပါသေးတယ်။
ဒီလို ကိစ္စတွေဟာ လုပ်ထုံး လုပ်နည်း ကိစ္စတွေဖြစ်လို့ လွှတ်တော်တွင်းမှာ အကျေအလည် ဆွေးနွေးကြရဦးမယ်၊ ပင်စင် နှစ်မျိုး နှစ်ထွေ ရယူနေကြတဲ့ ကိစ္စဟာ တခြား ပင်စင် ခံစားသူတွေကို ထိခိုက်မှုတွေ ရှိနိုင်တာက တကြောင်း၊ ဒီထက် အရေးကြီးတဲ့ တခြားကိစ္စတွေ ရှိနေတာက တကြောင်းမို့ ထိပ်တန်း အရေးတကြီး ဆွေးနွေးစရာ ကိစ္စလို့တော့ သူ့အနေနဲ့ မယူဆဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။
စစ်တပ်ကနေ အရပ်ဘက်ကို ပြောင်းတဲ့သူတွေဟာ မဆလလို့ လူသိများတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်း လက်ထက် ကထဲက ရှိခဲ့တဲ့ ကိစ္စဖြစ်တယ်၊ အဲဒီခေတ်က စစ်တပ်ကနေ အရပ်ဘက်ပြောင်းရင် အစိုးရ အရာရှိလုပ်သူ လုပ်၊ အဲဒီကတခါ ပါတီဘက်ကူးလိုကူးနဲ့ ပင်စင်တွေ အမျိုးမျိုး ခံစားကြလို့ စစ်တပ်တွင်းမှာဆိုရင် နှစ်သီးစား၊ သုံးသီးစားလို့ ခေါ်တဲ့အထိ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
အခုခေတ်မှာ ဒီလို နှစ်သီးစား၊ သုံးသီးစားတွေဟာ ရှိနေသေးတယ်။ စစ်ဘက်ကနေ အရပ်ဘက်ကို ကူးပြောင်းကြတဲ့ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ သံအမတ်ကြီး စသူတွေဟာ အဲဒီလို နှစ်သီးစား သုံးသီးစားတွေ ဖြစ်ကြတယ်၊ နောက်ပိုင်းနှစ်တွေမှာတော့ တဖြည်းဖြည်း လျော့သွားနိုင်တယ်လို့ ဦးဝင်းထိန်က ခန့်မှန်းပါတယ်။
ဦးနေဝင်းခေတ်ကနေ အခုခေတ်အထိ ကျင့်သုံးနေဆဲဖြစ်တဲ့ စာနဲ့ ရေးမထားတဲ့ လုပ်ထုံးလုပ်နည်းလို ဖြစ်နေတာမို့ အခုခေတ်အထိ အစဉ်အလာလို ရှိနေဆဲဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် တယောက် လစ်လပ်တာနဲ့ စစ်တပ်ကနေ အစားထိုး ဝင်ရောက် နေရယူလိုက်တာ၊ သံအမတ်တယောက် လွတ်သွားတာနဲ့ စစ်တပ်ကနေ နေရာ ဝင်ယူတာတွေကို ဘယ်လောက် လက်ခံတယ် လက်မခံတော့ဘူး ဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရဦးမယ်လို့ ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။
သတင်း... ဘီဘီစီ

လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု
ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ
လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄
နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့ တရားစွဲဆိုခဲ့ရာမှာ
အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့ 
ဇူလိုင်လ ၃၀ ရက်နေ့ မှာ စတင်ကြားနာမယ်လို့ သိရပါတယ်။
ဒါ့အပြင် လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ဆောင်းပါးရှင်
ဟာဂျူလီ (ကသာ) တို့  ကိုလည်း တရားမကြောင်းနဲ့ စွဲဆိုထားတယ် လို့ သိရပါတယ်။
လျှပ်တစ်ပြက် ဂျာနယ် ဥပဒေ အကျိုးဆောင် ဖြစ်သူ ဦးသိန်းသန်းဦးက
ဒီအမှုကိစ္စနဲ့ ပတ်သက်လို့  အခုလို အတည်ပြုပြောဆိုပါတယ်။
"ဟာဂျူလီ (ကသာ) တယောက်ထဲကို ပြစ်မှုဆိုင်ရာ တရားရုံးမှာ ပုဒ်မ ၅၀၀ နဲ့
စွဲတယ်။ ဦးတိုက်လျှောက်ထားတာပေါ့ဗျာ။ အဲဒါကို လက်ခံလိုက်တယ်။
အဲဒါကို ဟာဂျူလီကတော့ ဖြေရှင်းရတော့မှာပေါ့။ နောက် ကိုမြတ်ခိုင်နဲ့
ဟာဂျူလီ နှစ်ယောက်ပေါင်းပြီးတော့ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ က
နစ်နာကြေး ငွေ သိန်း ၅ ထောင် ရလိုမှု ဆိုပြီးတော့ ကသာခရိုင် တရားရုံးမှာ
စွဲတာ။ အဲဒါကတော့ တရားမမှုပေါ့ဗျာ။"
နစ်နာကြေးငွေ သိန်းငါးထောင် ရလိုမှုနဲ့ စွဲဆိုတဲ့ တရားမမှုကို သြဂုတ်လ
ကိုးရက်နေ့ ကသာခရိုင် တရားရုံးမှာ စတင် စစ်ဆေးမယ်လို့ သိရပါတယ်။
သတင်း.... RFA
ရွှေတိဂုံဘုရားရှိ စဥ့်ကူးမင်း ခေါင်းလောင်း ထိုးခွင့် ပိတ်တော့မည်
ရွှေတိဂုံ စေတီဘုရားရှိ သက်တမ်း ၂၃၄ နှစ် ရှိပြီး ဒုတိယ အကြီးဆုံး
ခေါင်းလောင်းကြီး ဖြစ်သည့် စဥ့်ကူးမင်း ခေါင်းလောင်းအား သြဂုတ်လဆန်းမှ
စတင်၍ ဘုရားဖူးများအား ခေါင်းလောင်းထိုးခွင့် ပိတ်တော့မည်
ဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။
ခေါင်းလောင်း၏ အောက်ခြေ အနားသက်တချို့ ပျက်စီးနေပြီး ခေါင်းလောင်း ရေရှည်
တည်တံ့စေရန် အတွက် ရည်ရွယ်ကာ ထိုသို့ ခေါင်းလောင်းထိုးခွင့်
ပိတ်လိုက်ခြင်းကြောင်း ၎င်းက ရှင်းပြသည်။
“ဘုရားဖူးတွေက ခေါင်းလောင်းတွေပေါ်မှာ ရေးခြစ်ကြတာတွေ ရှိတယ်။ ဒါကြောင့်
အဲဒါတွေကို ဆေးပြန်သုတ်
လိုက်ရင် ရပေမယ့် ထိခိုက်ကျိုးပဲ့ ပျက်စီးသွားရင်တော့ နောင်လာ
နောက်သားတွေကို ပြသဖို့ ခက်သွားလိမ့်မယ်။
နောင်လာနောက်သားတွေ ကြည့်လို့ရအောင် ထိန်းသိမ်းတဲ့အနေနဲ့ အခုလို စီစဉ်တာ
ဖြစ်တယ်” ဟု ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။
ခေါင်းလောင်းထိုးခွင့် ပိတ်လိုက်သော်လည်း ခေါင်းလောင်းကို သံဇကာဖြင့်သာ
ကာထားမည်ဖြစ်၍ ဘုရားဖူးများ ကြည့်ရှုခွင့် ရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
အလေးချိန်အားဖြင့် ၂၄ တန်ရှိပြီး အမြင့် ၁၂ ပေ၊ မျက်နှဝ အကျယ် ၁၀ ပေ
ရှိသည့် အဆိုပါ ခေါင်းလောင်းသည်
ရွှေတိဂုံစေတီ ရာဟုထောင့်တွင် တည်ရှိပြီး စေတီတော်တွင် ထားရှိသည့်
ခေါင်းလောင်းများအနက် ဒုတိယ အကြီးဆုံး ခေါင်းလောင်း ဖြစ်သည်။
ရွှေတိဂုံ စေတီတော်တွင် ခေါင်းလောင်း အကြီး/အသေးပေါင်း ၃၅ လုံး ရှိပြီး
တနင်္ဂနွေထောင့်ရှိ သက်တမ်း ၁၇၂ နှစ်ရှိ
သော သာယာဝတီမင်း ခေါင်းလောင်းမှာ ကြေးတန်ချိန် ၄၂ တန် ရှိကာ
အကြီးဆုံးဖြစ်ပြီး ထိုခေါင်းလောင်းကိုမူ ဆက်လက် ထိုးခွင့်ပြုသွားမည်
ဖြစ်သည်။
သတင်း..... (မဇ္ဈိမ)
29 July 2012
ကျောင်းသား ၃ ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် သံတွဲအကျဉ်းထောင်တွင် ဖမ်းဆီးခံနေရ
ရခိုင်ပြည်နယ်၊ သံတွဲတွင် လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟုယူဆ၍
တရားစွဲဆိုထားကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့်
ကျောင်သား(၃)ဦးအား
သံတွဲအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
သံတွဲမှ ညီမင်းခန့်၊ ခိုင်ဇော်ဆန်း၊ နိုင်ရဲဦး၊ ဂွမြို့နယ်မှ သန့်စင်ဖြိုး
ကျောင်းသား(၄)ဦးအား ဇူလိုင်လ(၂၀)ရက်နေ့က ဖမ်းဆီးသွားပြီး (၂၆)ရက်နေ့
ရုံးထုတ်ရာတွင် သန့်စင်ဖြိုးမှာ အာမခံချက်ဖြင့် ပြန်လွတ်လာပြီး လက်ရှိတွင်
ကျန်(၃)ဦးမှာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့်
သံတွဲထောင်တွင်
ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါကျောင်းသား(၄)ဦးအား ဇွန်လ(၁၂)ရက်နေ့က ပထမတစ်ကြိမ်ဖမ်းဆီးခဲ့ပြီး ညနေ(၆)နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ ညီမင်းခန့်တို့က (၁၁)ရက်နေ့တွင် သပြုချိုင်ကို ကားအငှားလိုက်သွားတာ၊ ဖမ်းဆီးခံရတာမှာပါတဲ့ သူငယ်ချင်းတွေလည်း
လိုက်သွားတာ၊ ပြန်လာတော့ ညနေ(၆)နာရီကျော်တာနဲ့ အိမ်ကိုသူပြန်မလာနိုင်တော့ဘဲ ပဒဲကိုကသူငယ်ချင်းအိမ်မှာ အိပ်တာ၊ (၁၂)ရက်နေ့က
အဲ့ဒီအိမ်မှာလာခေါ်သွားတာ၊ (၁၃)ရက်နေ့ ညနေ(၁၂)နာရီမှာ ရဲတွေကိုယ်တိုင် လာပို့သွားပါတယ်။ ” ဟု ညီမင်းခန့် မိခင်ကပြောသည်။
ဇွန်လ(၂၀)ရက်နေ့ ညနေ(၆)နာရီတွင် ဒုရဲအုပ်စိုးလွင်မှ ပြန်လာပို့မည်ဟု
ခေါ်သွားကာ ယခုထက်ထိ ဖမ်းဆီးခံနေရကြောင်း သူကဆက်ပြောသည်။ ညီမင်းခန့်၊
ခိုင်ဇော်ဆန်း၊ နိုင်ရဲဦး၊ သန့်စင်ဖြို့တို့ကိုလည်း အဆိုပါနေ့က
ဖမ်းဆီးခံခဲ့ရပြီး သန့်စင်ဖြိုးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း
ကျန်သုံးဦးမှာ
ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်သည်။
ပုဒ်မ ၅၀၅(ခ)မှာ နိုင်ငံတော် အစိုးရ(သို့) နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို
ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက အများပြည်သူကိုသော်လည်းကောင်း၊
လူတစ်စုကို သော် လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း အကြံရှိလျှင်
သို့မဟုတ် ထိုသို့ဖြစ်စေလျှင် ဤပြစ်မှုမြောက်သည်ဟု သိရသည်။
ညီမင်းခန့်နှင့် ဖမ်းဆီးခံနေရသော ကျောင်းသားများသည် သပြုချိုင်
ဆိပ်ကမ်းတွင် ဘင်္ဂလီမူဆလင်များ ထုတ်ဝေထားသော စာရွက်တစ်ရွက်ကို ဈေးဆိုင်မှ
အမျိုးသမီးတစ်ဦးအား
သွားရောက်ပြသခြင်းကို တရားလိုဘက်မှ လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟု ယူဆ၍
တရားစွဲဆိုထားကြောင်း သိရသည်။
တရားလိုမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသောင်းလေးဖြစ်ပြီး သူ၏ဇနီးမှာ
အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဖမ်းဆီးခံရသူ လေးဦးအား ပထမတစ်ကြိမ်ဖမ်းဆီးခံရပြီး ၇ ရက်မြောက်နေ့တွင်
ဒုတိယတစ်ကြိမ် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်ရာ ယခုလက်ရှိတွင် တရာလိုဖြစ်သူ
ဦးသောင်းလေး၏ ဇနီး မူဆလင်ဘာသာဝင် အမျိုးသမီးက ငွေကြေးပေးကာ တဘက်သတ် ပြစ်မှု
မြောက်အောင် ဖန်တီးနေခြင်းဟု သံတွဲမြို့ ဗုဒ္ဓဘာသာဝင်အများစုက ဝေဖန်ပြောဆို
နေကြောင်းသိရသည်။
အာမခံဖြင့် လွတ်မြောက်လာသူ သန့်စင်ဖြိုးမှာ အသက် ၁၉ နှစ်
ဂျီတီအိုင်ကျောင်းသားဖြစ်ပြီး ညီမင်းခန့်( အသက်- ၂၀) မှာ သံတွဲမြို့
ဗောထိကုန်းရပ်ကွက်မှ ဦးဘသိန်၏ သားဖြစ်ပြီး ၎င်းမှာ မြန်မာစာ စစ်တွေ အဝေးသင်
ပထမနှစ်၊ နိုင်ရဲဦးမှာ သံတွဲ၊ သရက်ပင်ကွင်းရွာ ဦးအောင်ထွန်းကြည်၏
သားဖြစ်ပြီး စစ်တွေ အဝေးသင် သမိုင်ပထမနှစ် နှင့် ခိုင်ဇော်ဆန်း ( အသက်-
၁၇နှစ်)မှာ ၁၀ တန်းကျောင်းသားဖြစ်ပြီး သံတွဲကြေးနန်းရုံးမှ ဦးမင်းဇော်၏
သားဖြစ်ကြောင်းသိရသည်။
အဆိုပါဖမ်းဆီးခံနေရသူ ကျောင်းသား(၃) ဦးအား လာမည့်သြဂစ်လ ၉ ရက်နေ့တွင်
ထပ်မံရုံးချိန်းထားကြောင်း သတင်းရရှိသည်။
သတင်း...Arakan Times