
၎င်းဂျာနယ် နှစ်စောင်ကို သြဂုတ် လဆန်းမှစ၍ စတင်ပိတ်ပင်မည်ဖြစ်သည်။ ထုတ်ဝေခွင့် ရုပ်သိမ်းကြောင်း ကိုလည်း ပြန်ကြားရေး ဝန်ကြီး ဌာန၏ စာပေ စီစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ယနေ့ နံနက်တွင် သက်ဆိုင်ရာ ဂျာနယ်တိုက် များသို့ ခေါ်ယူ၍ အကြောင်းကြား ခဲ့ခြင်းဖြစ်ပါ သည်။
ယခု နောက်ဆုံးထုတ် The Voice Weekly ဂျာနယ်၌မူ ဝန်ကြီး ဌာန အပြောင်းအရွှေ့ သတင်းနှင့် မီဒီယာ လွတ်လပ်ခွင့်ကို သရော်ကာ ရေး ဆွဲထားသည့် ကာတွန်းကို မျက်နှာဖုံး၌ ဖော်ပြထားသည်ကို တွေ့ရသည်။
ဤကဲ့သို့ အဖြစ်မျိုး လွန်ခဲ့သည့် ဇူလိုင်လ (၁၃) ရက်နေ့တွင်လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး စင်ကာပူတွင် ဆေးကုသမှု ခံယူနေသည် ဟူသော သတင်းအား စာပေစိစစ်ရေးမှ ထုတ်ပြန်ခွင့် မပြုပါဟု ပိတ်ပင်ထားသည့် ကြားမှ ဖော်ပြခဲ့သည့် ရန်ကုန်တိုင်းမ်နှင့် ဗီးနပ်စ် ပြည်တွင်း ဂျာနယ် နှစ်စောင်ကိုလည်း စာပေစီစစ်ရေး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ခေါ်ယူ သတိပေး ခဲ့ဖူးပါသည်။
ထိုဂျာနယ်များကိုလည်း စာပေ စီစစ်ရေး ခွင့်ပြုချက် မရှိသည့် သတင်းများကို နောက်တကြိမ် ဖော်ပြခဲ့လျှင် ဂျာနယ်အား ထုတ်ဝေခွင့် အပြီး တိုင် ပိတ်ပစ်မည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက သတိပေးခဲ့ပါသည်။

ထို့အပြင် လွတ်လပ်သည့် Press Council ဖွဲ့စည်း နိုင်ရေး၌လည်း ပြည်တွင်း မီဒီယာများနှင့် ပြန်ကြားရေး ဝန်ကြီး ဌာနတို့ အကြား၌ ညှိုနှိုင်း၍ မရသေးသည်ကို ထောက်ရှုခြင်း အားဖြင့် အစိုးရ၌ ၁၉၆၂ ပုံနှိပ်အက်ဥပဒေကို ဆက်လက် ကျင့်သုံး နေဆဲဆိုသည်ကို ထင်ရှားစေခဲ့ပါသည်။
ဂျာနယ်များ ပိတ်ပင်ခြင်းနှင့် ပါတ်သက်သော ရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပြန်ကြားရေး ဝန်ကြီးဌာန စာပေစီစစ်ရေးရုံးခန်း၌ ပြည်တွင်း သတင်း မီဒီယာများ ဂျာနယ်တိုက်များမှ အယ်ဒီတာများအား ခေါ်ဆို၍ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပလျက် ရှိကြောင်း သိရသည်။
စာပေစီစစ်ရေးသည် The Voice Weekly ဂျာနယ်၏ ထုတ်ဝေခွင့် (၆) ကြိမ်မြောက် ပိတ်ပင်ခြင်းဖြစ်ပြီး၊ Envoy Journal ဂျာနယ်ကိုမူ ဒုတိ ယ အကြိမ်မြောက် ပိတ်ပင်ခြင်းဖြစ်ပါသည်။
No comments:
Post a Comment